Get Adobe Flash player

မချုန်းဘဲနဲ့ ရွာတဲ့မိုး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၌ ဟောကြားသော တရားတော်
မချုန်းဘဲနဲ့ ရွာတဲ့မိုး
စာမတတ်ပေမယ့် ကျွတ်တမ်းဝင်တယ်


ဒကာ ဒကာမတို့ တရားနာတာက ဗဟုသုတ အင်မတန်များပါတယ်၊ တရားသာနာပြီး တရားအားမထုတ်ကြပြန်လျှင်လည်း၊ နေရာမကျသေးဘူး ဆိုတာကိုလည်း မှတ်စေချင်တဲ့ သဘောနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မိုးလေးမျိုး ဥပမာနဲ့ပြတယ်။

ခန္ဓာကိုယ်ဥာဏ်လှည့်တရားနာ

တရားနာ တရားနာဆိုတဲ့ဥစ္စာ ခန္ဓာမှာ မရောက်သေး ခန္ဓာကိုဥာဏ်လှည့်ပြီး မနာလို့ရှိရင်ဖြင့် တရားနာတာသည် ကားလို့ဆိုရင် စာသင်တာနဲ့ အတူတူပဲ။
ခန္ဓာကိုယ် ဥာဏ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ယထာဘူတဥာဏ်ရသွားတဲ့အတွက် ဒကာ ဒကာမတို့ အလွန် ကျေးဇူးများလိမ့်မယ်ဆိုတာ မှတ်ထားဖို့ပဲ … (မှန်ပါ့)။
အဲ့ဒါတွေ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မိုးလေးမျိုး ဥပမာနဲ့ စတုက္က နိပါတ် အင်္ဂုတ္တိုရ်မှာ ဟောရှာတယ် ဘယ်လို ဟောလိုက်တုံးဆိုတော့ …။

မိုးလေးမျိုး

ချုန်းသာချုန်း၍ မရွာသောမိုးတစ်မျိုး (၁) တစ်နံပါတ်မိုးက ဘာပါလိမ့် … (ချုန်းသာချုန်း၍ မရွာသော မိုးပါဘုရား) (၂) နှစ်နံပါတ်မိုးသည်ကား ဆိုလို့ရှိရင်ဖြင့် မချုန်းဘဲနဲ့ ရွာတဲ့မိုး ဒါ နှစ်နံပါတ်က မချုန်းပဲနဲ့ ရွာတဲ့မိုးနော်…(မှန်ပါ့)။
(၃) သုံးနံပါတ်ကတော့ ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးလို့ သုံးနံပါတ်ကို မှတ်ထားကြပါ။
(၄) လေးနံပါတ်ကတော့ မောင်နိုင်၊ မောင်ဘမှီတို့ ချုန်းလည်း ချုန်းလည်းရွာတဲ့ မိုးလို့ မိုးဘယ်နှစ်မျိုးပါလိမ့်…(မိုးလေးမျိုးပါဘုရား)။
ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက၊ ဒကာ ဒကာမတွေ စိုးရိမ်းကြောင့်ကြတော်မူ သောကြောင့် ဤလေးသင်္ချနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပေးလို့ရတဲ့ သဗ္ဗညုတဥာဏ် တော်နဲ့ ချိန်တဲ့အခါမှာ အယူအဆတွေ အမျိုးမျိုးအဖုံဖုံ လွဲနေမှာ စိုးတဲ့အတွက် ကိုစောမောင် မိုးလေးမျိုးကို ပြောတယ်…(မှန်ပါ့)။
မိုးလေးမျိုးကို ပြောလာတယ် ဒကာဒကာမတို့ ပထမမိုးက ချုန်းသာချုန်းတယ် မရွာဘူး၊ ဒုတိယ မိုးက …(မချုန်းဘဲနဲ့ရွာပါတယ်ဘုရား) မချုန်းပဲနဲ့ ရွာပါတယ်။
တတိယမိုးကတော့…ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးပါဘုရား)။
စတုတ္ထမိုးကတော့ …(ချုန်းလည်းချုန်းရွာလည်း ရွာတဲ့ မိုးပါဘုရား)။
အလုပ်လုပ်ပါစေတော့လို့ ဟောတာ
အဲ့ဒီကဲ့သို့ ဒကာ ဒကာဒကာမတို့ မိုးလေးမျိုးကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောထားတာသည်၊ ဘုန်းကြီးတို့၏ ဒကာ ဒကာမတွေ စဉ်းစားပြီးသကာလ၊ သြော် ဒါ အလုပ်ဖြစ်ပါစေတော့ ဆိုတဲ့ အာသီသ ဆန္ဒရှိလို့ ဟောတာပဲလို့ မှတ်ထားရမယ်နော် … (တင်ပါ့)။
အလုပ်လုပ်ပါစေတော့လို့ ဟောတာပဲလို့ ကောက်နှုတ်ချက်ချလိုက်တဲ့အခါ မောင်နိုင် မောင်ဘမှီတို့ အလုပ်လုပ်ဖို့ ဟောတာပဲဆိုတာ မှတ်ထားရမယ်… (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်ဖို့ ဟောတာကို ကျုပ်တို့ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့် အလုပ်နဲ့ပဲ စခန်းသိမ်းရမှာပဲဆိုတာ ဒကာ ဒကာမတို့ မှတ်ထားကြပါ… (မှန်ပါ့)။

၁။    ချုန်းသာချုန်း၍ မရွာသောမိုး
ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာသော မိုးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တရားကို စာကို အမျိုးမျိုး အဖုံဖုံတွေကို ကိုယ့်စိတ်ထဲမှာ ထင်လည်း ထင်တယ်မှတ်လည်း မှတ်မိတယ်။
သို့သော် သစ္စာသိအောင်တော့ အလုပ် မလုပ်ဘူး၊ သစ္စာကို ပဋိဝေဓဥာဏ်နဲ့ သိအောင် အလုပ် မလုပ်ဘူးဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဒီဥစ္စာ ဘာပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် သိသာသိ၍ မလုပ်လို့ရှိရင် ချုန်းသာချုန်း၍ မရွာသော မိုးနဲ့ တူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ…(မှန်ပါ့) သဘောကျ ပလား…(ကျပါတယ်ဘုရား)။
ကောင်းပြီ…ဒါဖြင့် တရားအမျိုးမျိုးတွေနဲ့ ဗဟုသုတအမျိုးမျိုးတွေရှာ၊ အဲဒီလိုရှာပြီး သကာလ သစ္စာသိတဲ့အလုပ်ကို ပဋိဝေဓဥာဏ်တို့နဲ့သိအောင် မလုပ်လို့ရှိရင်၊ ချုန်းသာချုန်းတာဟေ့တဲ့ မရွာဘူးတဲ့…(မှန်ပါ့) ကဲ သဘောကျပလား…(ကျပါပြီဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ အင်းသိပြီးသကာလ နေငြားသော်လည်း၊ သစ္စာသိအောင် ကျင့်မယ့် အကျင့် မလာလို့ရှိရင် ဘာမိုးနဲ့ တူတုံး (ချုန်းသာချုန်း၍ မရွာသောမိုးနဲ့ တူပါတယ်ဘုရား)။
တစ်နံပါတ်မိုးနဲ့တူတယ်၊ ချုန်းသာချုန်း၍ မရွာသော မိုးနဲ့တူတယ်ဆိုတာ သဘောကျပလား… (ကျပါတယ်ဘုရား)။

၂။    မချုန်းဘဲနဲ့ရွာတဲ့မိုး
နှစ် နံပါတ်ကတော့ ဒကာ ဒကာမတွေ၊ အင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဤဆရာသမားတွေ ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဝေဒနာ၊ စိတ်ဖြင့်စိတ်။ ရုပ်ဖြင့်ရုပ် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးသော ၀တ္ထု ဝေဒနာလေးပဲ ကိုယ့်ဥာစ်ထဲက ထည့်တာလေးပဲ ကြိုးစားပြီးသကာလ နေရင်း မတ္တနဲ့တဲ့အဖြစ် အပျက်ဆိုတဲ့ ဒုက္ခသစ္စာ တူသွားတွေ့တယ်။
ထိုကဲ့သို့ သစ္စာတွေ့တဲ့အခါကျလို့ရှိရင်၊ သစ္စာဆိုတာ ဒုက္ခပိုင်းခြားနိုင်လို့ရှိရင်ဖြင့် သစ္စာလေးချက်ဟာ တစ်ပြိုင်နက် ထင်ပါတယ်နော်…(တင်ပါ့)။
စာမတတ်၊ ဗဟုသုတမရှိ၊ အလုပ်လုပ်တယ်
ဒါကြောင့်စာက ဗဟုသုတတော့မရှိဘူးတဲ့၊ တစ်ခုတည်းထားပြီး သကာလ အလုပ်လုပ်လိုက်တဲ့ အတွက်၊ သူသစ္စာကို သိသွားတယ်လို့ရှိရင်ဖြင့်၊ ဗဟုသုတလည်းမရှိ စာပေကျမ်းဂန်လည်းမတတ်၊ အင်း သူ့အလုပ်သည်ကားလို့ ဆိုရင်ဖြင့်၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကိုသစ္စာဆိုက်အောင် လုပ်လိုက်တဲ့အတွက်၊ သူခရီးပေါက်သွားတယ် (မှန်ပါ့)။
ဒါကတော့ ဒုတိယ မောင်နိုင်၊ မောင်ဘမှီတို့ မိုးနဲ့ တူတယ်နော် … (တင်ပါ့)၊ ချုန်းကောချုန်းလား… (မချုန်းပါဘုရား) ရွာတော့ … (ရွာပါတယ်ဘုရား)။
အဲဒီလိုပါပဲတဲ့ ဒကာ ဒကာမတို့၊ ဒုတိယ မိုးသည်ကားလို့ဆိုလို့ရှိရင်၊ စာမတတ် ပေမတတ်နဲ့ နေငြားသော်လည်း၊ သတိပဋ္ဌာန်းလေးပါးထဲက တစ်ပါးပါးဖြစ်ပျက် အနိစ္စကို မြင်ပြီးသကာလ၊ အနိစ္စ မုန်း အနိစ္စဆုံးဆိုတဲ့ ဒုက္ခအဆုံးကို အနိစ္စ ဒုက္ခသစ္စာအဆုံးကို မြင်သွားပြန်လို့ရှိရင်လည်းတဲ့၊ လိုရာ ကိစ္စပြီးသွားတယ်လို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်ဘုရား)။
ဒါက ဘယ်မိုးနဲ့တူတာတုံး … (ဒုတိယမိုးနဲ့တူတာပါဘုရား)၊ သြော်…မချုန်းဘဲနဲ့ ရွာတယ်ဆိုတာကော သဘောကျပလား …(ကျပါတယ်ဘုရား)။

၃။    ချုန်းလည်းမချုန်း ရွာလည်းမရွာတဲ့မိုး
တတိယမိုးကတော့ ဗဟုသုတလည်းမရှိ၊ စာပေ ကျမ်းဂန်လည်းမတတ်သေး၊ သစ္စာသိအောင်လည်း တဖြည်းဖြည်းရှုမှတ်ပြီး သကာလ အလုပ်မလုပ်ဘူး၊ ဤကဲ့သို့ ပုဂ္ဂိုလ်တွေလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှိသေးတယ်ဆိုတဲ့ အဖြစ်သိပါစေလို့။ ချုန်းလည်းမချုန်း သစ္စာမသိသောကြောင့် ရွာလည်းမရွာ၊ ဒါဘာမိုးနဲ့ တူပါလိမ့်…(တတိယမိုးနဲ့တူပါတယ်ဘုရား)။
တတိယမိုးနဲ့တူတယ်ဆိုတာ သဘောကျပလား…(ကျပါတယ်ဘုရား)။

၎။    ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုး
သြော်…စတုတ္ထမိုးကတော့ဖြင့်တဲ့ ပရိသတ်တွေ၊ ကျမ်းဂန်တွေကအမျိုးမျိုးအဖုံဖုံ၊ တရားဓမ္မတွေက အမျိုးမျိုးအဖုံဖုံနာပြီးသကာလ၊ သြော်…အားထုတ်တဲ့အခါ၊ ကျပြန်တော့တစ်ခုမှတ်ပြီး သစ္စာလေးပါးကို တစ်ခါတည်း ဒုက္ခသစ္စာပိုင်းခြားနိုင်တဲ့ ဥာဏ်ရအောင် ကြိုးစားလိုက်ပြန်တော့ သူကတော့ဖြင့် ချုန်းလည်းချုန်း ရွာလည်းရွာတဲ့ မိုးနဲ့တူတယ်လို့ ဒကာဒကာမတွေမှတ်ရလိမ့်မယ် …. (မှန်ပါ့)။
ဒါကြောင့် ဒီထဲမှာ တရားနာတဲ့အထဲမှာ ဒီလေးဦးထဲကဖြင့် ဒကာ ဒကာမတို့ ပထမမိုး၊ ပထမမိုးက မောင်နိုင်ဘာတဲ့…(ချုန်းသာချုန်းပြီး မရွာတဲ့မိုးပါဘုရား) မရွာဘူး။
အဲဒီပထမမိုး အဖြစ်မှလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်ကြပါစို့လို့ သဘောကျပလား…(ကျပါတယ်ဘုရား)။
ပထမမိုး အဖြစ်ဆိုတာကတော့ ဗဟုသုတ ကျမ်းဂန် စာပေကျမ်းဂန်တွေတော့ရှိပါရဲ့၊ ခုနက သစ္စာဆိုက်အောင် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို အလုပ်မလုပ်ဘူးနော်… (မှန်ပါ့)။

စာတတ်ပြီး၊ အလုပ်မလုပ်တဲ့လူ
ထိုကဲ့သို့ မလုပ်ခဲ့တဲ့ သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ အင်း…ချုန်းသာချုန်း၍ မရွာသောမိုးဖြစ်နေတော့ ဒါလည်းတော်ပါ့မလား … (မတော်ပါဘူးဘုရား)။
နိဗ္ဗာန်မဂ်ဖိုလ်ဆိုတဲ့ ဥစ္စာ ဒုက္ခပိုင်းခြားမှ နိဗ္ဗာန်မြင်မှာကိုး၊ ဒုက္ခမပိုင်းခြားပဲနဲ့ နိဗ္ဗာန်မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး)။
ဒုက္ခအဆုံးမှာ နိဗ္ဗာန်ရှိတယ်၊ ဒုက္ခဿအန္တံ ကရိဿတိ၊
ဒုက္ခဿ = ဒုက္ခ၏၊ အနံ္တ = အဆုံးကို၊ ကရိဿတိ = မျက်မှောက်ပြုနိုင် လတ္တံ့လို့ သံယုတ် ပါဠိတော်မှာ လာထားတဲ့အတွက်၊ဒကာ ဒကာမတို့ ဒုက္ခအဆုံးရောက်အောင် လုပ်နိုင်မှသာလျှင်၊ အဖိုးတန်ကြတော့မယ်ဆိုတာကော၊ သဘောပါကြပလား … (ပါ ပါတယ်ဘုရား)။
ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာဆိုတော့ တော်ပါ့မလား … (မတော်ပါဘူးဘုရား) အင်း… စာပေကျမ်းဂန်တွေ အမျိုးမျိုး အဖုံဖုံတတ်ပြီးသကာလ နေငြားသော်လည်း၊ လုပ်ရိုးအလုပ်ကို မလုပ်ရလို့၊ သတိပဋ္ဌာန်အလုပ်ကို မလုပ်ပဲနဲ့ နေခဲ့သော် မောင်ဘမှီတို့ ဘယ့်နှယ့်နေပါ့မတုံး (မတော် ပါဘူးဘုရား)။
မတော်ဘူး ဒါရှောင်ရမည့် အလုပ်လို့မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ်)။
ဒုတိယမိုးကတော့ဖြင့် မချုန်းဘဲနဲ့ရွာတယ်ဆိုတော့ ဒကာ ဒကာမတို့၊ စာပေကျမ်းဂန်ကတော့ဖြင့် သူ့မှာ ဗဟုသုတ ပညာကောင်းတွေ၊ ဆရာကောင်း သမားကောင်းတွေနဲ့ မတွေ့လို့၊ အင်း တွေ့တဲ့ဆရာဆီက ယထာဘူတဥာဏ်က လေးရအောင် လုပ်ပြီး သကာလဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ဓမ္မဖြင့်ဓမ္မ၊ ဆိုတော့ ကာယဖြင့် ကာယလေးပါးထဲက တစ်ပါးပါး ရှုပြီးသကာလနေလို့ သစ္စာဆိုက်သွားမယ်ဆိုလို့ ရှိရည်လည်းတဲ့၊ သူကိစ္စပြီးတာပဲလို့ ဆိုတာ သဘောကျပလား …. (ကျပါပြီဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်တွေကတော့ဖြင့်တဲ့ ဒကာ ဒကာမတို့ မိုးသည်ကားလို့ ဆိုရင်ဖြင့် မချုန်းဘဲနဲ့ ဘာဖြစ်တုံး …. (ရွာပါတယ်ဘုရား)။
အသက်အရွယ်ကြီးသူများ၊ မချုန်းဘဲနဲ့ရာကြပါ
အဲဒီတော့ မချုန်းဘဲနဲ့ရွာတာကိုလည်း၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသက်အရွယ်ကြီးတော့၊ မချုန်းဘဲနဲ့ရွာတဲ့အဖြစ်ကိုလည်း ခင်ဗျားတို့ အရယူကြပါလို့ ပြောလိုက်တယ် …(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒီအရွယ်ကြီးတွေကျမှ ပညာတွေသင်ပြီးသကာလ၊ သဒ္ဒါင်္ဂြိုဟ်က စပြီး သကာလ အမျိုးမျိုးအဖုံ ဖုံ မြတ်စွာဘုရား ပါဠိတော်တော် သင်မယ်ဆိုလို့ ရှိရင်လည်း သေရုံပဲရှိမယ်၊ သူတို့ ခရီးပေါက်စရာ … (မရှိပါဘူးဘုရား)။
အဲဒါတွေမြင်ပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မချုန်းဘဲနဲ့ ရွာတဲ့မိုးလည်းရှိပါသေးတယ် ကွာ ဆိုတဲ့ဥစ္စာကိုလည်းဘုရားဟောထားတဲ့အတွက်၊ ဒကာ ဒကာမတွေကိုယ်လုပ်တဲ့အလုပ်ကို သစ္စာ ဆိုက်အောင် လုပ်လိုက်ရင်ကိစ္စပြီးတာပဲ . . . (မှန်ပါ့) သဘောကျပလား . . . (ကျပါတယ်ဘုရား)။

ရှောင်ရမည့်သူ
တတိယ ပုဂ္ဂိုလ်ကတော့ဖြင့် လုံးဝရှောင်ကြဉ်ကြပါလို့ သတိပေးလိုက်တယ် . . . (မှန်ပါ့)အင်း ဗဟုသုတလည်းမရှာ အင်း သစ္စာဆိုက်အောင်လည်း မကြိုးစားဆိုတော့၊ မောင်နိုင်၊ မောင်ဘမှီတို့ ဒါက တာ့ဖြင့် သတိမှတ်ရမည့် အလုပ် . . . (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ တတိယပုဂ္ဂိုလ်ရှောင်ဖို့နော် (မှန်ပါ့)။
စတုတ္ထပုဂ္ဂိုလ်ကတော့ဖြင့် ပညာကလည်းတတ်၊ ဗဟုသုတတွေလည်းများ၊ တကယ်လည်းကြိုးစား သစ္စာဆိုက်အောင်ဆိုတော့၊ အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်လို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်)။
အဲဒါကြောင့်ဒီထဲမှာ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်နှစ်မျိုး ပါပါလိမ့်မတုံးလို့ မမေးထိုက်ဘူးလား …(မေးထိုက်ပါတယ်ဘုရား)။
ပထမ ပုဂ္ဂိုလ်ရထိုက်ပါတယ်…(ရထိုက်ပါတယ်ဘုရား) တတိယပုဂ္ဂိုလ်…(မရထိုက်ပါဘူးဘုရား) အင်း…ဒုတိယနဲ့ စတုတ္ထကလည်း မဂ်ရထိုက်တယ်ဆိုတာ ဘုရားဝေဖန်ပြီး သကာလ ဟောလိုက်ပါတယ်… (မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ ဒို့မှာ စာမကြည့်၊ ပေမကြည့်နဲ့ ဖြစ်ပြီးသကာလ နေတဲ့အတွက်၊ ဒီဘ၀မဂ်ဖိုလ်ခရီးမှ ရောက်နိုင်ပါ့မလားလို့ ဒီလိုမယူပါနဲ့တဲ့၊ တစ်ခုသော သစ္စာလေးပါး၊ သတိပဋ္ဌာန်းလေးပါးထဲက တစ်ပါးပါးကို ဖြစ်ပျက်မြင်အောင် ရှုပါ၊ အဖြစ်အပျက် မုန်းအောင်ရှုပါ၊ အဖြစ်အပျက် ဆုံးအောင်ရှုပါ ဆိုတာ ဒုက္ခအဆုံးမြင်အောင်ရှုပါပြောတာပဲ…(မှန်ပါ့)။
ဒုက္ခပိုင်းခြားပါလို့ ပြောလိုက်တာပဲ …(မှန်ပါ့) ရှင်းကြလား … (ရှင်းပါတယ်ဘုရား)။
ဤကဲ့သို့ ကြိုးစားလို့ ရှိရင်ဖြင့် ဒီထဲမှာ ဒုတိယပုဂ္ဂိုလ်လည်းပါကြမှာပဲ … (မှန်ပါ့) သို့သော် ဒီ စတုတ္ထပုဂ္ဂိုလ်ဖြစ်ဖို့ကတော့ဖြင့် မလွယ်ဘူးပေါ့ဗျာ … (မှန်ပါ့)။
မလွယ်ဘူးတဲ့၊ သဗ္ဗညုတ ဥာဏံဆိုတာ ယုန်သူငယ်ခြေနဲ့ထောက်ပြီး သကာလ၊ ပင်လယ်ကြီးထဲမှာ ယုန်သူငယ် ခြေနဲ့ထောက်တဲ့အခါကျတော့ မောင်နိုင်၊ မောင်ဘမှီတို့ အကုန်မှီပါ့မလား … (မမှီပါဘုရား)။
စမ်းထောက်ရတာချည့်ပဲ ဆိုတာကော သဘောကျပလား … (ကျပါတယ်) စမ်းထောက်ရတာပဲ။
ဒါကြောင့် ဒကာ ဒကာမတို့၊ ဒုတိယပုဂ္ဂိုလ်ဖြစ်ရင် လည်းကောင်းကြ၏။ စတုတ္ထပုဂ္ဂိုလ်ဖြစ်ရင် လည်း အလွန့်အလွန်ကောင်း၏ ဆိုတာကို၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်။
ဟောတော့များသောအားဖြင့် ဒုတိယပုဂ္ဂိုလ်များဖြစ်လိမ့်မယ်လို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား)
အဲတော့ခု တရားနာလာကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ၊ ဩော်…ညည်းလုံးတော့ဖြင့် မထုတ်လိုက်ပါနဲ့လို့ သတိပေးလိုက်တယ်… (မှန်ပါ့)။

စာပေမတတ်လို့ အားမငယ်လိုက်ပါနဲ့
စကလည်းမတတ်၊ ပေကလည်းမတတ်နဲ့၊ ဒို့မှတ်ပြီး ဆရာသမားပြောတာလုပ်နေရတာပဲလို့ ဒီလိုအားမငယ်လိုက်ပါနဲ့တဲ့၊ မချုန်းပဲနဲ့ရွာတဲ့မိုးမျိုးလည်း ရှိပါတယ်လို့ပြောလိုက်တယ် … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
ကောင်းပြီ ဒါဖြင့်ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုးဆိုရင် အလွန့်အလွန်ကောင်း၊ စာပေ ကျမ်းဂန်တွေလည်းတတ်၊ အလုပ်လည်း သစ္စာဆိုက်အောင် အလုပ်လုပ်မယ်ဆိုရင်၊ အလွန်ကောင်းတယ် ဆိုတာတော့ဖြင့် ပြောဖို့လိုသေးသလား … (မလိုပါဘူးဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အားမငယ်စရာ ဒုတိယ ပုဂ္ဂိုလ်အားငယ်စရာပါရဲ့လား… (မပါပါဘူးဘုရား)။
အဲဒီနှစ်ယောက်ဖြင့် ဒကာ ဒကာမတွေ ဒုတိယနဲ့လည်း မဂ်ရတာပဲ၊ စတုတ္ထအဖြစ်နဲ့ကော … (ရပါတယ်ဘုရား)။
အဲဒါကြောင့် အားငယ်စရာမရှိဘူးဆိုတာလည်း သဘောကျပလား…(ကျပါတယ်ဘုရား) အားငယ်စရာ မရှိဘူးဆိုတာ သဘောကျပါ။
ဘာကြောင့် သဘောကျခိုင်းရပါသတုံးလို့ မေးတဲ့အခါကျတော့မှ စာဆိုတဲ့ဥစ္စာဘယ်အချိန်က စပေါ်တယ်ဆိုတာ ဆင်ခြင်ယူလိုက်ရုံပေါ့နော်…(မှန်ပါ့)။

စာဘယ်အချိန်ကစပါလိမ့်
စာဘယ်အချိန်ကစပြီး သကာလ၊ စာရယ်လို့ဖြစ်ထွန်းပြီးသကာလ စာတွေစုကြပါလိမ့်မလဲလို့ မေးလို့ရှိရင်၊ ဘုရား ပရိနိဗ္ဗာန်စံပြီး ခုနှစ်ဆယ်ရက်လောက်ရှိမှ သင်္ဂါယတနာတင်တယ်ဆိုပြီး စာစုပွဲကြီးလုပ်…(မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား)။
ဒါဖြင့် ဘုရားပွင့်တာနဲ့၊ သင်္ဂါယတနာတင်တဲ့ စာစုပွဲနဲ့၊ ဒကာဒကာမတွေ ဘယ်သူရှေ့၊ ဘယ်သူနောက်လည်းဆိုတာလည်း ပေါ်ကြပလား … (ပေါ်ပါပြီ)။
ဘယ်သူကပါလိမ့် … (ဘုရားကရှေ့ပါဘုရား) ဒါဖြင့် စာကနောက်မှ …(နောက်မှ) သဘောကျပလား (ကျပါပြီဘုရား)။
အဲဒီတင် တစ်ခါစဉ်းစားတော့၊ အင်းဘုရားဖြစ်ပြီးသကာလ ဘုရားဖြစ်ပြီး ဘုရား၏ အလုပ်ကို လုပ်လို့ ကျွတ်တမ်းဝင်သွားတဲ့ ပုဂ္ဂိုလ်နဲ့၊ ဒကာ ဒကာမတို့ စာတွေကြည့်ပြီး ပေါ်လာတဲ့ အချိန်ကျမှ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ်လို့ရပါ့မလား … (မရပါဘူး)။
ဘုရားလည်ဖြစ် ဘုရားလက်ထက်က ကျွတ်တမ်းဝင်တာက တယ်များတယ်… (များပါတယ်ဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲဒါကြောင့် ဒါတွေထောက်လိုက်သဖြင့်၊ သြော် ဘုရားလက်ထက်ကပင်များသောအားဖြင့်၊ နှစ်နံပါတ်မိုးနဲ့တူတဲ့ ပုဂ္ဂိုလ်တွေများလိမ့်မယ်ဆိုတာလည်း ခင်ဗျားတို့ သဘောကျဖို့ကောင်းတယ် … (ကျပါတယ်ဘုရား)။

စာမတတ်ပေမယ့်၊ ကျွတ်တမ်းဝင်ကြတယ်
ဘာပြုလို့တုံး စာမကြည့်၊ ပေမကြည့် ပေမယ့် ကျွတ်တမ်းဝင်ကြတယ်…(မှန်ပါ့) အဲဒါ ဘယ်ပုဂ္ဂိုလ်ထဲရောက်…(နှစ်နံပါတ် ပုဂ္ဂိုလ်ထဲရောက်ပါတယ်ဘုရား) နှစ်နံပါတ်ပုဂ္ဂိုလ်ထဲရောက် သွားတယ် ဆိုတာ သဘောကျပလား … (ကျပါတယ်)။
ဒါကြောင့် ဘုရားသည် ဘယ်လိုပုဂ္ဂိုလ်တွေကို အများကြီး ကျွတ်တမ်းဝင်အောင် ကြိုးစားပါလိမ့်မလဲဆိုတော့ ဧကော ဓမ္မောဆိုတော့တစ်ခုတည်းလုပ်ပြီး သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးကို ပြသပြီး၊ သစ္စာဆိုက်အောင်ပြပြီးသကာလ၊ ကိုယ်တော်မြတ်ကြီးသည် ကျွတ်တမ်းဆွဲသွားတယ် ကျွတ်တမ်းဝင်အောင်ဆွဲငင်သွားတယ်ဆိုတာ ငြင်းပယ်ဖို့လိုသေးသလား … (မလိုပါဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း အားမငယ်နဲ့  ဆိုတာကို၊ မိုးလေးမျိုး ဥပမာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး စတုက္ကနိပါတ် အင်္ဂုတ္တုရ်မှာ၊ ကိုယ်တော်တိုင် ဖွင့်ဟပြီးသကာလ ပြောတဲ့အတွက် အားငယ်စရာကော ရှိရဲ့လား … (မရှိပါဘူးဘုရား)။
ကောင်းပြီ ဒါဖြင့်မှတ်ဖို့၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာတစ်လုံးနဲ့သာလိုက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကကော … (စိတ်တစ်လုံးနဲ့ လိုက်ရမှာပါဘုရား) အင်းရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကကော (ရုပ်နဲ့ပဲလိုက်ရမှာပါဘုရား) ရုပ်ဆုံးအောင်လိုက်လိုက်ရင်ပြီးတာပဲ။
သစ္စာကြည့်တဲ့ ပုဂ္ဂိုလ်ကရော … (သစ္စာဆုံးအောင်လိုက်ရမှာပါဘုရား) အဲ ဒုက္ခသစ္စာအဆုံး ဒုက္ခဿအန္တံကရိဿတိ ဆိုသဖြင့်၊ ဒုက္ခသစ္စာအဆုံးမှာ နိရောဓသစ္စာ ရှိတယ်ဆိုရင်ကော ငြင်းဖို့လိုသေး သလား… (မလိုပါဘူးဘုရား)။

နိဗ္ဗာန်ရမှုသည် အလုပ်ပေါ်မှာမှီတယ်
အဲတော့ နိဗ္ဗာန်ရမှုမှာ အလုပ်ပေါ်မှာ မှီခဲ့တယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား) ဒါဖြင့် ဒီလေးမျိုးကို ဆရာဘုန်းကြီး ယနေ့ပြောလိုက်သဖြင့်၊ စာမတတ်ပေမတတ် သမားကလည်း ဒကာ ဒကာမတို့၊ မဂ်ဖိုလ်ရောက်တယ်ဆိုတဲ့အကြောင်းကို ထောက်ခံချက်ပေးလိုက်ပါတယ် … (မှန်ပါ့)။
စာတတ်ပေတတ်လည်း မဂ်ဖိုလ်ကို အလုပ်လုပ်ရင် မဂ်ဖိုလ်ရောက်တယ်ဆိုတာကို ဘုရားထောက်ခံချက်မပေးဘူးလား … (ပေးပါတယ်)
ဒါဖြင့် ဒီနှစ်မျိုးထဲကသာ ဖြစ်ကြပါစေဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေအား လေးလေးနက်နက် တိုက်တွန်းတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကောင်းပြီ ဒါဖြင့် အလုပ်သဘောကို ပြောကြပါစို့ ဒကာ ဒကာမတို့၊ အလုပ်သဘော ဆိုတာသည် ပညာ။
ပညာဆိုတာဟာတဲ့၊ ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်နော်၊ ပညာဆိုတာ ဘာပါလိမ့်… (ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိရှိပါတယ်ဘုရား)။
ထိုးဖောက်စရာရှိတဲ့နေရာမှာ ထိုးဖောက်နိုင်တဲ့စွမ်းရည်သတ္တှိတယ်ဆိုတာ သဘောကျပလား …(ကျပါတယ်ဘုရား)။
ဒါဖြင့် ဘယ်လိုနေရာ ထိုးဖောက်ပါလိမ့်မတုံးဆိုတော့၊ ကျုပ်တို့ကတော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ … (မှန်ပါ့)။
ဒီပုဂ္ဂိုလ်တွေ ဘယ်ကလာခဲ့ကြတုံးမေးရင် … (အ၀ိဇ္ဇာ၊ ပစ္စယာ သင်္ခါရာ ကလာခဲ့ပါတယ် ဘုရား) အ၀ိဇ္ဇာ ပစ္စယာသင်္ခါရာ၊ အ၀ိဇ္ဇာကြောင့် ဖြစ်တာသည် သင်္ခါရလို့ကြည့်ပြီး သကာလ၊ သင်္ခါရပစ္စယာ ၀ိညာဏံဆိုပြီး ကျုပ်တို့ ပဋိသန္ဓေ နေလာကြတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
အင်း လက်သည်အစ အ၀ိဇ္ဇာပစ္စယာကပဲဆိုတာ ငြင်းဖို့လိုသေးလား … (မလိုပါဘူးဘုရား) အ၀ိဇ္ဇာဆိုတာ ဘာတုံးဆိုတော့ ဒုက္ခေ အဥာဏံ၊ ဒုက္ခ သမုဒယေအဥာဏံ။ ဒုက္ခံနိရောဓေ အဥာဏံ၊ ဒုက္ခံနိရောဓ ဂါမိနိ ပဋိပဒါအဥာဏံဆိုတော့ သစ္စာလေးပါးမသိတဲ့တရား၊ အ၀ိဇ္ဇာပဲမဟုတ်လား (မှန်ပါ့) ရှင်းကြလား … (ရှင်းပါပြီဘုရား)။
အင်းကျုပ်တို့က ပဋိသန္ဓေနေတယ်ဆိုတာ၊ ဒီပုဂ္ဂိုလ်တွေဟာ အ၀ိဇ္ဇာ ပစ္စယာသင်္ခါရကြောင့် နေပြီးသကာလလာခဲ့ကြတော့၊ ဩော် တို့က အ၀ိဇ္ဇာရှိလို့လား၊ မရှိလေရော့လားလို့ မတွေးနဲ့တော့၊ ကိုယ့်အကြောင်းကို ပြန်ကြည့်လိုက်နယ် အ၀ိဇ္ဇာ ပစ္စယာသင်္ခါရာ လာတွေ့တယ် … (မှန်ပါ့)
မတွေ့ဘူးလား … (တွေ့ပါတယ်ဘုရား) အားလုံးပဲ ဒကာ ဒကာမတွေမှာ အ၀ိဇ္ဇာမှရှိကြပါရဲ့လား … (ရှိကြပါတယ်ဘုရား)။
ပညာကိုဝိဇ္ဇာလို့ခေါ်တယ်
အင်းဒါကြောင့် ပညာဆိုတာသည် ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ၀ိဇ္ဇာလို့လည်း ခေါ်ရတယ်လို့သဘောကျပလား… (ကျပါတယ်ဘုရား)။
ပညာကို ဘယ်လိုခေါ်နိုင်တုံး … (၀ိဇ္ဇာလို့ခေါ်နိုင်ပါတယ်ဘုရား) ၀ိဇ္ဇာလို့လဲခေါ်နိုင်တဲ့အတွက် ဒကာ ဒကာမတို့ စတုက္ကနိပါတ် ပါဠိတော်များ၌ ကိုယ်တိုင်ဟောထားတာရှိတယ်။

ပညာဟာအမြတ်ဆုံး၊ အခက်ဆုံး
ဝိနည်းတော်က ဘာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်၊ လောကမှာဟောတဲ့ အမြတ်ဆုံးရွေးလို့ရှိရင်၊ ပညာဟာ အမြတ်ဆုံး အခက်ဆုံးပဲ သဘောကျပလား … (ကျပါတယ်ဘုရား)။
ဘယ့်နှယ့်ကြောင့်တုံး ပြောတဲ့အခါကျတော့ဘုရားက ပညာသည်သူများ မထိုးဖောက် နိုင်တာကို ထိုးဖောက်နိုင်တယ်၊ ဘယ်လောက် အမှောင်ထုထဲဖြစ်ဖြစ် ပညာတည်းဟူသော အလင်းက ထိုးဖောက်လိုက်ရှိရှိရင် အမှောင်တွေ ဘာဖြစ်ကုန်တုံး … (ပျောက်ကုန်ပါတယ်ဘုရား)။
ဒါဖြင့် ပညာအရေးမကြီးဘူးလား …(ကြီးပါတယ်ဘုရား) ဒါက ခင်ဗျားတိုပ ပညာစခန်းကို ဆရာဘုန်ကြီး ပြောတဲ့အတိုင်း မရှုခဲ့ကြပါဘူး ဆိုလို့ရှိရင် ခင်ဗျားတို့အလင်းရောင်မရတဲ့ ပုဂ္ဂိုလ်တွေဘက် ပါသွားမယ်…(မှန်ပါ့)
မပါပေဘူးလား…(ပါပါတယ်) ပညာစခန်းကို မလုပ်တော့ပါဘူး ဆိုလို့ရှိင်ဖြင့် ဒကာ ဒကာမတို့၊ အင်းအမှောင်ထဲ မွေးပြီး အမှောင်ထဲမှာ သေရှာတော့မှာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ…(မှန်ပါ့)။
ပညာစခန်းမလုပ်ရင်ဘာပါလိမ့်…(အမှောင်ထဲမွေးပြီး အမှောင်ထဲမှာ သေပါဘုရား) အ၀ိဇ္ဇာနဲ့မွေးပြီး အ၀ိဇ္ဇာနဲ့သေမယ်ပြောတာ… (မှန်ပါ့)။
သေခါနီးကျတော့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတွေလာတော့ အ၀ိဇ္ဇာက တွဲရက်မနေဘူးလား … (နေပါတယ်ဘုရား)။
အင်းဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့စ၍ ဘာနဲ့ဆုံးပါလိမ့်…(အမှောင်စပြီး အမှောင်နဲ့ဆုံးပါဘုရား) အမှောင်နဲ့စ အမှောင်ဆုံးဆိုတာ မောင်နိုင် မောင်ဘမှီတို့ ကျေနပ်လား … (ကျေနပ်ပါတယ်ဘုရား)။
ဒါဖြင့် ၀ိပဿနာရှုတဲ့ပညာ၊ ဒါ သီလလည်း ထိုးဖောက်တော့မှာ … (မှန်ပါ့) နို့မဟုတ်ရင် ထိုးဖောက်နိုင်ပါ့မလား … (မထိုးဖောက်နိုင်ပါဘုရား)။

ကိုယ့်အကြောင်းကိုယ်သိကြပါ
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်းကိုယ်သိကြပါတော့ … (မှန်ပါ့) ကိုယ်ဟာ အမှောင်ထဲက မွေးလာတာ၊ ဒီတစ်ခါ ဆရာသမားတိုက်တွန်းတဲ့အတိုင်း၊ ဘုရားဟောတော် မူတဲ့အတိုင်း အလွဲအလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့်၊ ဒို့ဟာ … အင်း … မျက်လုံးမပါတဲ့ ပိုးဆင်ကောင်တို့လို ပိုးဖလံတို့လို ထင်ရာပျံပြီး၊ ထင်ရာစိုင်းတာ … (မှန်ပါ့)။
ထင်ရာစိုင်း ၀ုန်းခနဲကျတာပဲ။ ဒီနေရာတိုက် ၀ုန်းခနဲ ကျတာမြင်ဖူးကြပါလိမ့်မယ်…(မှန်ပါ့)၊ မကျဘူးလား … (ကျပါတယ်ဘုရား)
အဲဒီတော့ ဒီမျက်လုံးမပါဘဲနဲ့ ရမ်းပြီးပျံတော့ ဒကာ ဒကာမတွေ ရမ်းကျပဲမကျဘူးလား … (ကျပါတယ်ဘုရား)
အဲဒီအတိုင်း ဒကာ ဒကာမတွေ အဖြစ်ကဆိုး၊ အနေကဆိုးတွေ ဖြစ်မှာစိုးရိမ်လို့၊ ဒီတရားကို ဟောနေတာပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်ဘုရား)
အဖြစ်ကကော … (ဆိုးပါတယ်ဘုရား) အင်း အသေကကော … (ဆိုးပါတယ်ဘုရား) အဲဒီဆိုးမှာ စိုးတဲ့အတွက် အမှောင်ထဲက ဖြစ်ပြီးသကာလ အမှောင်ထဲသေမယ်ဆိုတော့ ကြားထဲ အလင်းဝင်လို့ ရသေးရဲ့လား… (မရပါဘူးဘုရား)။
ပညာအလင်းရောင်သည် အမြတ်ဆုံး  အဲဒါကြောင့် ပညာ သေဋ္ဌော လောကသိံ္မ-လို့ ဘုရားက ဟောလိုက်တာပဲ၊ ပညာအမြတ်ဆုံးပဲဟေ့၊ ဘယ်နှယ့်ကြောင့် မြတ်သတုံးဆိုတော့၊ ခုနက အ၀ိဇ္ဇာ အမှောင်ထုကြီးနဲ့ ဘာမှ ရုပ်မှန်း၊ နာမ်မှန်းမသိ၊ အဖြစ်အပျက်ဆိုတဲ့ အနိစ္စလည်းမသိ။  ဒါတွေသည်ကားလို့ ဆိုရင် ဒုက္ခသစ္စာတွေပါလား လို့လည်း မသိဘဲနဲ့ နေတာဟာ ဒီအမှောင်ကြီး ဖုံးနေတာ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။  ဒီအမှောင်ကြီး ဖုံးနေတော့ကို ထိုးသွင်းလို့၊ ရပါ့မလား … (မရပါဘူးဘုရား)၊ ဒါဖြင့် ပညာအလင်း ရောင်သည် ဒကာ ဒကာမတွေ အမြတ်ဆုံးပညာအလင်းရောင် ရှာပါမှ ဒို့သည် အမှောင်ထဲမွေးပေမယ့်လည်း၊ အလင်းထဲမှာပဲ စုတိစိတ်ကျလိမ့်မယ်ဆိုတာ ငြင်းဖို့လိုသေးလား … (မလိုပါဘူးဘုရား) ရှင်းကြလား … (ရှင်းပါပြီဘုရား)။

ပညာနဲ့ ဥာဏ်ဘာထူးသလဲ
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါတော့၊ ပညာမပါရင် မပြီးဘူးဆိုတာဖြင့် ကျေနပ်ပါ… (ကျေနပ်ပါတယ်) ဒါဖြင့် ပညာသည် မိလိန္ဒမင်းကြီးက ပညာနဲ့ဥာဏ်ရှင်နာဂသိန်တဲ့ ဘာများ ထူးသေးသတုံး၊ သူက ဒီက စမေးတယ် … (မှန်ပါ့)။
ဟာ … ဒကာကြီး ပညာနဲ့ ဥာဏ်ဆိုတာအတူတူပဲ၊ သဘောကျကြပလား … (ကျပါတယ်ဘုရား)၊ ပညာဥာဏ်နဲ့ခင်ဗျားတို့ မသုံးကြဘူးလား … (သုံးပါတယ်ဘုရား)။
အတူတူပဲတဲ့ ပညာသုံးလုံး၊ ဥာဏ်သုံးလုံး၊ အမောဟသုံးသုံး ဒါတွေဟာ နာမည်သာ ပြောင်းတာ၊ စင်စစ်တော့ဖြင့် ဥာဏ်ချည့်ပဲဆိုတာနော် … (မှန်ပါ့)။
လေးနံပါတ် ဆိုတာတွေ သုံးသုံးအတူတူပါပဲတဲ့ ကာယ အဓိပတိ၊ ၀ီရိယ အဓိပတိ၊ စိတ္တ အဓိပတိ ဆိုတာလည်း ကိုစောမောင်တို့ ပညာဆိုတာချည့်ပဲ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ကောင်းပြီ ဒါပညာနဲ့ ဥာဏ်သုံးတာ ဒကာ ဒကာမတို့ တခြားစီလား၊ အတူတူလား … (အတူတူပါပဲဘုရား)။
ကောင်းပြီ ဒါဖြင့် ပညာဥာဏ်သည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ ဘယ်လိုများ သူသည် ပေါ်ပါလိမ့် မလဲဆိုတော့၊ ဒကာ ဒကာမတို့ ပညာဥာဏ်ဆိုတဲ့ ဥစ္စာသည်၊ လက္ခဏာရေးသုံးပါးကို အာရုံပြုပြီးသကာလ ပေါ်ရတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)။    

အနိစ္စရှု၍ အနိစ္စသိရင်ပညာ
အနိစ္စရှု၍ အနိစ္စသိရင် အဲဒီအသိဟာပညာပဲ၊ ဒုက္ခရှု၍ ဒုက္ခသိရင် … (ပညာပါဘုရား)၊ အနတ္တရှု၍ အနတ္တသိရင် … (ပညာပါဘုရား)။
ဒုက္ခ သစ္စာ ရှု၍ ဒုက္ခ သစ္စာသိရင် … (ပညာပါဘုရား) ဩော် … ပညာဆိုတာသည် ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော အာရမ္မဏ ပစ္စည်းကြောင့် ပညာတည်းဟူသော အာရမ္မဏိက သဘောတွေမပေါ်လား … (ပေါ်ပါတယ်ဘုရား)။
သြော် … ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှိတဲ့ ဒို့ဘာမှ ဒကာ ဒကာမတွေ နှလုံးမသွင်းတော့ဘူး ဆိုလို့ရှိရင်ဖြင့်၊ ပညာသည် ဒကာ ဒကာမတို့ ထွက်ရပ်လမ်းပညာတော့ ရမှာမဟုတ်ပါဘူး …
ရပါ့မလား … (မရပါဘူး ဘုရား) ပညာမှသူဖြစ်လာတာကိုက ဒကာ ဒကာမတို့ မှတ်လိုက်ပါတော့ အနိစ္စကြောင့် အနိစ္စတဲ့ ပညာထွက်တယ် … (မှန်ပါ့)
ဒုက္ခကြောင့် ဒုက္ခသိတဲ့ပညာထွက်တယ်
ဒုက္ခကြောင့် … (ဒုက္ခသိတဲ့ ပညာထွက်ပါတယ်ဘုရား)၊ အနတ္တကြောင့် … (အနတ္တသိတဲ့ ပညာထွက်ပါတယ်ဘုရား)၊ အင်းသဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါကြောင့် ပဋ္ဌာန်းပါဠိတော်များ ကျလာပြီဆိုမှဖြင့် သင်္ခါရေ၊ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ၀ိပဿတိ ဒီလိုလာတယ်။
သင်္ခါရေ၊ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ၀ိပဿတိတဲ့၊ အဲဒီ သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ၀ိပဿနာ ရှုပါတယ်လို့၊ ပညာအကြောင်းကို ပဋ္ဌာန်းပါဠိတော်များ ဒီအတိုင်းပဲ သုံးပါတယ်နော်…(တင်ပါ့) သဘောကျကြပလား … (ကျပါတယ်ဘုရား)။
ဘယ်သူ့ကြောင့် ပညာဖြစ်ပါလိမ့်
ဒါဖြင့် ပညာသည်၊ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်မတုံးဆိုတော့၊ အနိစ္စကြောင့်ဖြစ်သည်။ ဒုက္ခကြောင့်… (ဖြစ်ပါတယ်ဘုရား) အနတ္တကြောင့် (ဖြစ်ပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှ ဟောပေးမယ့် ပုဂ္ဂိုလ်မရှိခဲ့လို့ရှိရင်ဖြင့် ပညာဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘုရား) မဖြစ်နိုင်တော့ဘူး။
ဒါဖြင့် ယ္ခုဘ၀မှာဖြင့် ဒကာ ဒကာမတို့ ပညာမှသာလျှင် ခင်ဗျားတို့ လက္ခဏာရေးသုံးပါးက ပညာပါအောင် ကျေးဇူးပြုသည် ဖြစ်လေသောကြောင့် ပညာဖြင့် ကြိုးစားကြပါ၊ ပညာမှသာလျှင် ဒကာ ဒကာမတို့ ခုနက အနိစ္စပေါ်ဖုံးနေတာဘယ်သူတုံး၊ ဒုက္ခပေးဖုံးနေတာ ဘယ်သူတုံး၊ အနတ္တပေါ်မှာ ဖုံးနေတာ ဘယ်သူတုံး ဆိုလို့ရှိရင်ဖြင့် ၀ိစိကိစ္ဆာပေါ်လို့ရှိရင်ဖြင့် ဒါတွေဘယ်သူဖုံးတယ်၊ သုခဖုံးတယ်၊ တဏှာဖုံးတယ် အစရှိသည် လာချင်လာမယ်ပေါ့လေဗျာ … (မှန်ပါ့)။
မလာပါနဲ့ ဒါတေါက ဆိုကြတာပဲ သဒ္ဓါတရားတွေဖြစ်နေလို့ သေသေချာချာဆိုလို့ရှိရင်ဖြင့် အ၀ိဇ္ဇာဖုံးနေတယ် ဆိုတာ အမှန်ဆုံးပဲ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
သေသေချာချာကတော့ ပညာမထိုးဖောက်နိုင်တာ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကိုယ့် အနိစ္စ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက သဗ္ဗေသင်္ခါရာ အနိစ္စ၊ ဘုရားတိုင်းဟောတယ်၊ သဗ္ဗေသင်္ခါရာ ဒုက္ခလည်း မဟောဘူးလား … (ဟောပါတယ်ဘုရား)။

မမြင်တာဘာဖုံးနေလို့တုံး
သဗ္ဗေ သင်္ခါရာ အနတ္တလို့ … (ဟောပါတယ်) အင်း ရလည်းမရကြဘူးလား … (ရပါတယ်ဘုရား) မြင်ကြရဲ့လားလို့မေးရင် … (မမြင်ပါဘုရား) မမြင်ဘူးတဲ့ ဒကာဒကာမတို့ …။
မမြင်တာဘာဖုံးနေတုံးလို့ အမေးထုတ်ခဲ့သော်၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့၊ ကျုပ်တို့ ပဋိသန္ဓေက ပါလာတဲ့ အ၀ိဇ္ဇာကြီးက …(ဖုံးထားပါတယ်ဘုရား)။
ဖုံးထားတော့ ကြည့်ရုံနဲ့ အဖုံးကြီးကတည်တံ့နေတဲ့အတွက်၊ ဒီအထုကကြီးကျယ်ခမ်းနားနေတဲ့ အတွက်၊ မောင်နိုင် မောင်ဘမှီတို့ မြင်ပါ့မလား … (မမြင်ပါဘူးဘုရား)။
ကိုင်းမကြည့်လို့မမြင်တာလား၊ အဖုံးကြောင့်မမြင်တာလား … (အဖုံးကြောင့်မမြင်တာပါဘုရား) ဒါဖြင့် ဒကာဒကာမတို့ဒီအဖုံးကြီးတည်းဟူသော အမှောင်ဓာတ်ကြီးကို အလင်းဓာတ်မသွင်းသ၍ ကာလပတ်လုံး၊ သင်တို့သည် ဘယ်အခါကာလမှ သတိပဋ္ဌာန်အလုပ်ဆိုတာ သူတို့သန္တာန်မရှိတော့ဘူး …(မှန်ပါ့)။
ရှိပါဦးမလား … (မရှိတော့ပါဘူး) သတိပဋ္ဌာန်အလုပ်ဆိုတာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲ ဖြစ်ပျက်မြင်မှ သတိပဋ္ဌာန်အလုပ်ကိုဗျ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ရှိရာကမရှိခြင်းသည် အနိစ္စပဲလို့၊ အနိစ္စ၏ အဓိပ္ပာယ်က ဒါပဲရှိနေတော့ ဖြစ်တာလည်း မသိ၊ ပျက်တာလည်း မသိ၊ ပျက်တာလည်းမသိအောင်ဖြစ်ပြီးသကာလ၊ ကျုပ်တို့သည် နေနိုင်ကြတာသည် ဘယ်နှယ့်ကြောင့်ပါလိမ့်မတုံး ဆိုတာအမှောင်ဓာတ်ကြီးဖုံးနေလို့ လို့ဆိုရမှာပေါ့ … (မှန်ပါ့)။
ဒါဖြင့် အမှောင်ဓာတ်ကြီး ဖုံးနေတဲ့အတွက် ပညာဆိုတာကော ၀င်ခွင့်ရသေးရဲ့လား … (မရပါဘုရား)။

အလင်းရောင်ထိုးပြီး ကြည့်ခိုင်းတာ ၀ိပဿနာ
ဒါဖြင့် … ဘုန်းကြီးက နေ့တိုင်း တရားဟောပြီး သကာလ ၀ိပဿနာရှုခိုင်းတာဟာ မောင်နိုင်၊ မောင်ဘမှီတို့ ရိပ်မိကြပလားကွာ အမှောင်ထဲ အလင်းထိုးပြီး ကြည့်စမ်းဟေ့ ပြောတာပဲ … (မှန်ပါ့) ဟုတ်ဘူးလား။
လကွယ်နေ့ကြီးမို့ မင်းတို့ လက်နှိပ်ဓာတ်မီး ထိုးကြည့်စမ်းဟေ့ဆိုတော့ ဒကာဒကာမတို့ ခလုတ်တွေ မြင်ရ၊ ကန်သင်းတွေမြင်ရ၊ ကျင်းခွက်တွေ မမြင်ရဘူးလား … (မြင်ရပါတယ်ဘုရား)။
ထို့အတူပဲ ဒကာဒကာမတို့ တကယ် အရှိကိုတကယ် သိအောင်လို့ ၀ိပဿနာ အလုပ်ခိုင်းတာ လို့ မှတ်ပေတော့ … (မှန်ပါ့) ကိုစောမောင် ဘာခိုင်းတာတုံး … (တကယ်အရှိကို တကယ်သိအောင် လုပ်ခိုင်းတာပါဘုရား)။
တကယ်အရှိကို တကယ်သိအောင်လို့
အဲ တကယ်အရှိကို တကယ်သိအောင်လို့ လုပ်ခိုင်းတာသည် ဒကာဒကာမတို့ အမှောင်ဓာတ် ရှင်းပြီးသကာလ တကယ့်အရှိကို တကယ့်အသိနဲ့ သိပါစေတော့ ဆိုပြီး ဟောတဲ့တရား (မှန်ပါ့) ရိပ်မိကြပလား … (ရိပ်မိပါတယ်ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့ အရှိနဲ့အသိကိုက်မှသာလျှင် နေရာကျမယ်ဆိုတာလေးကို လည်း ဘယ်အခါကာလမှ မေ့ဖို့မသင့်ပါဘူး … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

ပညာဝင်မှ အ၀ိဇ္ဇာချုပ်တယ်
ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့ ပညာသည် ပညာဝင်လာလို့ ရှိရင်ဖြင့် ပညာတည်းဟူသော မီးရောင်အလင်းရောင် ၀င်လာလို့ရှိရင် အ၀ိဇ္ဇာချုပ်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အ၀ိဇ္ဇာတည်းဟူသော တရားပေါ်လာရင် ပညာဟာ (ချုပ်ပါတယ်ဘုရား) ပညာဟာ ချုပ်တာပဲ။ သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲဒီတော့ ပညာချုပ်တာ ပညာလည်း ချုပ်တဲ့တရားပဲ (မှန်ပါ့)၊ အ၀ဇ္ဇာကကော … (ချုပ်တဲ့တရားပါဘုရား) အင်း အ၀ဇ္ဇာကလည်း ချုပ်တဲ့တရား၊ ပညာကကော … (ချုပ်တဲ့တရားပါဘုရား)။
ဘာထူးတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ဖြေတဲ့ ရှင်နာဂသိန်က အဖြေရှာပါတယ် ချုပ်တဲ့တရားချင်း မတူသေးဘူး သဘောကျပလား … (ကျပါတယ်ဘုရား)။
အ၀ိဇ္ဇာချုပ်နဲ့ ပညာချုပ်နဲ့ မတူသေးဘူး
အ၀ိဇ္ဇာချုပ်ပုံနဲ့ ပညာချုပ်ပုံမတူသေးဘူးတဲ့၊ ဒကာဒကာမတွေ ဥပမာမှာ ခန္ဓာကိုယ်ထဲမှာ စားချင်စိတ်ကလေးပေါ်တယ် ထားပါဦး နော် … (တင်ပါ့)။
စားချင်တဲ့စိတ်ကလေး အင်မတန်ပေါ်တယ် ဟဒယ ၀တ္ထုပေါ် ပေါ်လာတယ်ဆိုပါတော့ စားချင်စိတ်ကလေး၊ အင်း စားချင်တဲ့ပေါ်လာတဲ့ စိတ်ကလေးကို ဒကာ ဒကာမတို့ ဪစားချင်တယ်လို့တော့ မသိဘူးလား … ( သိပါတယ်ဘုရား)။
စားချင်တယ်လို့တော့ သိတော့ သိပါတယ်တဲ့၊ စားချင်တဲ့စိတ်ကလေးချုပ်ပျောက်သွားတာကို တော့ … (မသိတော့ပါဘူးဘုရား)။
ဖြစ်ပျက်မသိရင် ပညာမဟုတ်သေးဘူး
မသိလို့ ရှိရင်ဖြင့်တဲ့ ဒီဥစ္စာသည် ဒကာ ဒကာမတို့ ပညာမဟုတ်သေးဘူး၊ ပညာ မဟုတ်သေးတာ သဘောကျပလား … (ကျပါတယ်ဘုရား)။
ပညာမဟုတ်သေးတာ ပညာမဟုတ်ကြောင်း ဘယ်သူကသက်သေခံနေတုံး မေးတဲ့အခါကျမှ၊ စားချင်တယ်ဆိုလို့ရှိရင်ဖြင့် မြန်မြန်ယူခဲ့ပါ၊ လာတော့တာပဲ … (မှန်ပါ့) မြန်မြန်ဝယ်ချည်ပါ သွားတော့တာပဲ။
အဲဒီအသိကလေးကတော့ဖြင့် ဒကာ ဒကာမတို့ တိရစ္ဆာန်လည်းသိ၊ ကလေးလည်းသိ ဖြစ်သောကြောင့် ဒါပညာလို့ မဆိုပါနဲ့ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
အင်း စားချင်တဲ့စိတ်ကလေး ပေါ်လာပြီ စားချင်တဲ့စိတ်ကလေးချုပ်ပျောက်တာ သိမှသာလျှင် ပညာသိပေါ့ဗျာ … (မှန်ပါ့)။

ပညာသည် ဘာကိုသိသတုံး
ဒါကြောင့် ပညာသည် ဘာကိုသိပါသတုံးလို့မေးတဲ့အခါကျတော့၊ မိလိန္ဒမင်းကြီးက မေးတဲ့အခါကျတော့ ဖြစ်ပျက်အနိစ္စသိတယ်၊ ဒုက္ခသိတယ်၊ အနတ္တသိတယ်လို့ မိလိန္ဒမင်းကြီးကမေးလို့ ရှင်နာဂသိန်ကဖြေတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)
ဒါဖြင့် အဲဒီပညာလာတဲ့အချိန်မှာ မောင်နိုင်၊ မောင်ဘမှီတို့ အ၀ိဇ္ဇာချုပ်တယ်…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဖြစ်ပြီး ဘယ်နေရာသွားတုံးလို့ မေးမနေပါနဲ့တဲ့ ဤနေရာပေါ် ဤနေရာပျောက်တယ်သာ မှတ်ပေတော့။

ဒီနေရာပေါ်ဒီနေရာပျောက်
ကောင်းကင်မှာရှိတဲ့ လျှပ်စစ်ကလေး လင်းတော့ ကိုစောမောင်ဒီနေရာကော မလင်းဘူးလား …(လင်းပါတယ်ဘုရား) ပျောက်သွားတော့ကော …(ဒီနေရာတင်ပျောက်ပါတယ်ဘုရား)။
အဲဒီအတိုင်းပဲ ခင်ဗျားတို့ သန္တာန်မှာ ဘယ်စိတ်ပေါ်ပေါ်၊ ဒီနေရာပေါ် ဒီနေရာပျောက်၊ နေရာ မရွေ့နိုင်ဘူးဆိုတာ မှတ်ထား …(မှန်ပါ့)
ကောင်းပြီ ဒါဖြင့် ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီနေရာပေါ် ဒီနေရာပျောက်တာ သိမှသာလျှင် ပညာပေါ့ဗျာ … (မှန်ပါ့)။
ဒီပညာ ဘယ့်နှယ့်ကြောင့် ၀င်ခွင့်ရပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ်ဘုရား)၊ သြော်… အ၀ိဇ္ဇာဆိုတဲ့ အမှောင်ကြီးထဲမှာ အမှောင်မှ လွတ်သွားတဲ့အတွက်၊ အလင်းလာလို့ ပညာအလင်းလာလို့၊ အ၀ိဇ္ဇာအမှောင်ထုပျောက်သွားသောကြောင့်၊ အရှိဖြစ်တဲ့ ဖြစ်ပျက်အနိစ္စကို တွေ့ပါတယ်…(မှန်ပါ့)။
နို့မဟုတ်ရင် တွေ့ပါ့မလား … (မတွေ့ပါဘုရား) ဒီနေ့ ဒကာ ဒကာမတွေ ကြပ်ကြပ် သတိထားပြီး သကာလ နားထောင်ပါ၊ ဒီဥစ္စာ သြော်…ဒို့သည်ကားလို့ ဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ အချက်သုံးချက်အနက်က၊ တစ်ချက်မှမတွေ့ဘူးလို့ ဆိုလို့ရှိရင်၊ အမှောင်ထဲမွေး၊ အမှောင်ထဲသေဖြစ်မှာ စိုးလို့ကို ဟောနေတာ … (မှန်ပါ့) သဘောကျပလား …(ကျပါတယ်ဘုရား)။

အမှောင်ထဲနေ၊ အမှောင်ထဲသေ ဖြစ်မှာစိုးလို့
ဘယ့်နှယ့်ကြောင့်ဟောပါလိမ့်…(အမှောင်ထဲမွေး အမှောင်ထဲမှာသေမှာ စိုးလို့ပါဘုရား) အမှောင်ထဲသေဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ အ၀ိဇ္ဇာနဲ့စတည်တယ်၊ အ၀ိဇ္ဇာနဲ့အဆုံးသတ်တယ် ဆိုတော့ ကောင်းပါ့မလား … (မကောင်းပါဘူး)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေကို သေသေချာချာ ရေရေလည်လည် ကယ်တင်ပြီးသကာလ နေတော့တယ်ဆိုတာ မောင်နိုင်၊ မောင်ဘမှီတို့ ငြင်းဖို့လိုသေးသလား… (မလိုပါဘူးဘုရား)။
ဒါဖြင့် ပညာ လင်းလို့ရှိရင်လည်း အ၀ိဇ္ဇာက ဘာဖြစ်တုံး … (ချုပ်ပါတယ်) ချုပ်ခြင်းကြောင့် ဒကာ ဒကာမတို့ပညာသည် အရှိကို သွားတွေ့တယ်…(မှန်ပါ့)။
ဘာသွားတွေ့တာတုံး …(အရှိကိုသွားတွေ့ပါတယ်ဘုရား) အရှိက ခန္ဓာကိုယ်ထဲ ဘာရှိတုံး …(အနိစ္စရှိပါတယ်ဘုရား)။
အနိစ္စရှိလို့ နဂိုကရှိတဲ့ အနိစ္စပင်ကိုကကောရှိရဲ့လား … (မရှိပါဘူး) သို့သော် အ၀ိဇ္ဇာရဲ့ ပစ္စယာကြီးက ဒကာ ဒကာမတို့ အင်မတန်ကြီးကျယ်ခမ်းနားထူထပ်ပြီး လာတဲ့အတွက် ဆရာကောင်း သမားကောင်းနဲ့ မတွေ့တော့ ပညာကလဲ ရသေးရဲ့လား … (မရပါဘူးဘုရား)။

အသက်တစ်ရာနေရငြားသော်လည်း သက်ဆိုးရှည်
မရတဲ့အခါကျတော့ သူလာဖုံးပြီး သကာလနေတော့တယ်ဆိုရင်ကော လွဲသလား … (မလွဲပါဘူးဘုရား)
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနိစ္စလေး၊ ဖြစ်ပျက်ကလေးကို၊ ဥာဏ်ထဲက သြော် ကိုယ့်သန္တာန်ဖြစ်သွားပြီ၊ ပျက်သွားပြီလို့မှ မသိလိုက်ဖူးဆိုလို့ရှိရင်ဖြင့်၊ အသက်တစ်ရာ နေရငြားသော်လည်း သက်ဆိုးရှည်လို့မှန်ပါ…(မှန်ပါ့)။

ဖြစ်ပျက်တစ်ချက်၏ တန်ဘိုး
ဘယ်လိုဆိုကြပါ့ … (သက်ဆိုးရှည်ပါဘုရား) သက်ဆိုးရှည်ပဲမှတ်ရမှာပဲ၊ မောင်နိုင် ဘယ်လိုမှတ်မယ်…(သက်ဆိုးရှည်လို့မှတ်ရမှာပါဘုရား) သက်ဆိုးရှည်လို့ မှတ်ရမယ်ဆိုတော့၊ ဖြစ်ပျက်တစ်ခုကလေးမြင်တာက မြတ်သေးတယ်လို့ ဓမ္မပဒကလည်း ဆိုပြန်တယ်… (မှန်ပါ့)
ဒါကြောင့် ဒီအလုပ်ကိုဖြင့် လုပ်ပါလို့ ဆိုတာ တိုက်တွန်းစရာလိုသေးသလား … (မလိုပါဘူးဘုရား)။
ဘုန်းကြီးပြောတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက နားမတောင်တော့ပါဘူး၊ တို့ဆရာဘုန်းကြီးကလည်း နေ့တိုင်းပြောတာပဲ၊ ပြီးတော့လည်း သားရေး၊ သမီးရေး၊ စီးပွားရေးကလည်း အရေးကြီးနေတယ်၊ အရေးကြီးနေတဲ့အတွက် ဒီဥစ္စာ မသိဘူး၊ မကြည့်နိုင်ဘူး၊ မရှုနိုင်ဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ လေပြေသွားသလောက် သွားလိမ့်မယ် အပါယ်လေးပါးကို …(မှန်ပါ့)။
မှောင်ထဲမွေး၊ အမှောင်ထဲသေကိုးဗျ… (မှန်ပါ့)ဟုတ်ဘူးလား၊ အမှောင်ဝိဇ္ဇာနဲ့ချည့်ပဲ အ၀ိဇ္ဇာနဲ့ မူတည်လာခဲ့တယ်၊ သေခါနီးကျတော့သောက ပရိဒေ၀နဲ့ လမ်းမဆုံးပေဘူးလား … (ဆုံးပါတယ်ဘုရား)။
ဆုံးတော့ သောက ပရိဝေဒလည်း အ၀ိဇ္ဇာက မသိလို့ သောကဖြစ်တာ … (မှန်ပါ့) ဟုတ်လား မသိလို့ ပရိဒေ၀ဖြစ်တာ … (မှန်ပါ့) ကိုယ့်ဟာကိုယ်လေ … (မှန်ပါ့)။
အင်း ငိုမှုတွေ၊ စိုးရိမ်မှုတွေ မလာဘူးလား … (လာပါတယ်) အဲတော့ သူဘာနဲ့သေသွား … (အ၀ိဇ္ဇာနဲ့သေသွားပါတယ်ဘုရား)။
အ၀ိဇ္ဇာနဲ့ သေသွားတော့ အ၀ိဇ္ဇာ ပစ္စယာ အကုသုလာသင်္ခါရာဆိုတဲ့အတိုင်း၊ အကုသိုလ် သင်္ခါရနဲ့ပဲတဲ့ သင်္ခါရ ပစ္စယာ ၀ိညာဏံဆိုပြီး ဒယ်အိုးထဲ သွားပြီး ပဋိသန္ဓေနေတာဗျ… (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းတုံး … (ကောင်းပါတယ်ဘုရား) သဘောပါပလား … (ပါပါပြီဘုရား)

အလင်းကိုဖြင့်ယူဖြစ်အောင်ယူပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဆရာဘုန်းကြီးတိုက်တွန်းတာသည်၊ ခင်ဗျားတို့ အမှောင်ထဲ မွေးလာလို့ အလင်းကြီးကိုဖြင့် ယူဖြစ်အောင် ယူပါဆိုတာ များများကြီး တိုက်တွန်းတယ်…(မှန်ပါ့)။
မတိုက်တွန်းသင့်ဘူးလား … (တိုက်တွန်းသင့်ပါတယ်ဘုရား) ခု မွေးလာတာ ဘယ်လိုပါလိမ့် … (အမှောင်ထဲမွေးလာတာပါဘုရား)။
အမှောင်ထဲမွေးလာတော့ သူကမသိလို့ ဒကာ ဒကာမတို့၊ ဆရာဘုန်းကြီးတို့ ဘုရားတို့က သေသေချာချာ ဟောနေတယ်၊ မင်းတို့ ခန္ဓာကိုယ် အရှိက အနိစ္စရှိတာနော် ဒုက္ခရှိတာ၊ အနတ္တရှိတာ၊ အသုဘရှိတာ ဒုက္ခသစ္စာပဲရှိတယ်ဆိုတာ ဘယ်ဘုရားမဆိုဟောတာပဲ … (မှန်ပါ့)။
သို့သော် ကျုပ်တို့ မွေးတဲ့အချိန်က စပြီးသကာလ ဒီပြောကာမျှပင် အင်းအခုပြောခဲ့တဲ့ အချက်တွေ အနိစ္စတို့ ဒုက္ခသစ္စာတို့ တွေ့ပါရဲ့လား … (မတွေ့ပါဘူးဘုရား)။

သရဏဂုံမတင်နဲ့၊ ကျွတ်မှာမဟုတ်ဘူး
ဘယ့်နှယ့်ကြောင့်ပါလိမ့်၊ အမှောင်ထဲမွေးလာလို့ဘုရား … (မှန်ပါ့)၊ အခုလို ဆရာကောင်း သမားကောင်းနဲ့ တွေ့တုန်းမှ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ရှိတာလေးမသိတော့ဘူး ဆိုရင်ဖြင့်၊ သြော် သူ့အတွက်ဖြင့် မစဉ်းပါနဲ့တော့၊ သေတောင်မှ သရဏဂုံမတင်နဲ့၊ ကိုစောမောင်ကျွတ်မှာ မဟုတ်ဘူး…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
တစ်ခါတည်း အမှောင်ထဲမွေး၊ အမှောင်ထဲသေ ဘုရားအ၀ိဇ္ဇာနဲ့စ အ၀ိဇ္ဇာနဲ့ဆုံးဆိုတာ ကောင်းသေးရဲ့လား … (မကောင်းပါဘူးဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတစ်ခါအမိယူပါ ဆိုတာကို အသေအချာပြောတယ် … (မှန်ပါ့)။
ဒီတစ်ခါ လွဲသွားလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဆယ်မည့်သူယူမည့်သူ ကယ်မည့်သူဆိုတာ မရှိဘူးလို့သာ ဆုံးဖြတ်ချက်ချ… (မှန်ပါ့)။
ကိုစောမောင် … (မှန်ပါ့) ရှိပါဦးမလား … (မရှိပါဘူးဘုရား) အရွယ်အားဖြင့်လည်း ဒကာ ဒကာမတွေရှိသေးရဲ့လား … (မရှိပါဘူးဘုရား)။
အရွယ်အားဖြင့်လည်း ရှေ့ကိုကံမွဲ၊ ဥာဏ်မွဲဖြစ်တော့မယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား) အင်း အချိန်ကလည်း အဇ္ဇေ၀ သုေ၀၀ ဆိုတော့ ဒီအချိန်သည် နက်ဖြန်ရောက်ပြန်တော့၊ နက်ဖြန်ကျတော့ ကိုယ့်ခန္ဓာက ရှိချင်မှရှိမှာ … (မှန်ပါ့)။
ပြီးတော့ အဲဒီအချိန်ကျမှ ယူချင်လို့ရပါ့မလား … (မရပါဘူးဘုရား)။

ဒီအချိန်ဟာ အကောင်းဆုံး
ဒါကြောင့် ဒကာ ဒကာမတို့သည် ဒီအချိန်ဟာ အကောင်းဆုံးအချိန်ဆိုတာ သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါကြောင့်ဘုရားကလည်း၊ ခင်ဗျားတို့မှာ ခုလိုဆရာကောင်း သမားကောင်း ဥာဏ်စခန်းတွေ ပြောနေတုန်း၊ …အ၀ိဇ္ဇာချုပ်အောင်ပြောနေတုန်း၊ ခင်ဗျားတို့ဒီ ခဏလွန်သွားလို့ရှိရင် သွားပြီတဲ့ ရပ်ပြစ်ရှစ်ပါးထဲသွားပြီ၊ ဒီခဏလွန်သွားလို့ရှိရင်… (မှန်ပါ့)။
ကိုစောမောင် ကောင်းသေးရဲ့လား … (မကောင်းပါဘူးဘုရား)။
ဒါဖြင့် ဒီခဏလေးဟာ သိပ်နှမြောစရာမကောင်းဘူးလား … (ကောင်းပါတယ်ဘုရား) အလင်းကလည်း ခဏပေါ့ဗျာ … (မှန်ပါ့)။

တရားနာစေချင်လို့ပြောတာမဟုတ်ဘူး
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့၊ ဒါခင်ဗျားတို့ကို တရားနာစေချင်လို့၊ အင်း အားထုတ်ပါစေလို့၊ အင်း ဒီလိုကရုဏာရှိလို့ပြောတာမဟုတ်ဘူး။ ပင်ကိုသဘောကို ပြောနေတာ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ပင်ကို သဘောကို ပြောနေတယ်လို့မောင်နိုင်၊ မောင်ဘမှီကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား) ဘာနဲ့စခဲ့တယ်ဆိုတော့ သတ္တ၀ါဟာ အ၀ိဇ္ဇာနဲ့တဏှာက စတယ်ဆိုတော့ ဒီသုံးခုက … (မှန်ပါ့)
အ၀ိဇ္ဇာပစ္စယာနဲ့ မစခဲ့ဘူးလား … (စခဲ့ပါတယ်ဘုရား)၊ အ၀ိဇ္ဇာလာတဲ့အချိန်ဟာ ဘာတွေ့ရမတုံးတဲ့…(အနိစ္စပါဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့ရမယ်နော် … (မှန်ပါ့)။
ကဲ မတွေ့တော့ပါဘူးတဲ့၊ ကိုယ့်ခန္ဓာရှုတဲ့အခါ၊ ကဲ မတွေ့တော့ အ၀ိဇ္ဇာထုကြီးက နေတုန်းကလည်း သူနဲ့နေခဲ့တယ်၊ ယခုလည်း သူဖုံးအုပ်နေတယ်ဆိုတာ ငြင်းဖို့လိုသေးလား … (မလိုပါဘူး) ရှင်းပလား … (ရှင်းပါပြီဘုရား)။
သူသည် တစ်ခါမှမတွေ့ပါဘူးဆိုတော့ ကိုစောမောင်က ဘယ်လိုဆုံးဖြတ်ချက်ချမတုံး … (အ၀ိဇ္ဇာပါဘုရား) ဒါဖြင့် ထို့ကြောင့် အမှောင်ထဲမွေး (အမှောင်ထဲသေ)၊ အမှောင်ထဲနေ-သေတော့ကော … (အမှောင်ထဲ သေပါဘုရား)။

တီကောင်တွေလို
ဘယ့်နှယ့်တုံးဗျ၊ “တီ” ဖြစ်တာပဲ … (မှန်ပါ့) တီကောင်မှာ မျက်လုံးပါလား … (မပါပါဘူးဘုရား) တီက အမှောင်ထဲမှာပဲ ဟိုသွားဒီသွား၊ ဟိုဘက်ချောက်ရှိလည်း သွားလိုက်တာပဲ၊ ဟိုဘက် ကြက်က၊ စားမလို့ စောင့်နေလည်း (သွားလိုက်တာပဲ)၊
အင်းအမှောင်ထဲမွေးရရှာတာကိုးဗျ … (မှန်ပါ့) သေတော့ကော … (အမှောင်ထဲသေမှာပါဘုရား) ဒီအတိုင်းပဲ မနေကြပေဘူးလား … (နေပါတယ်ဘုရား)။
အဲဒါ ဒကာ ဒကာမတို့ ပညာမပါတဲ့ ပုဂ္ဂိုလ်သဘောကျပလား … (ကျပါတယ်ဘုရား) ဒါဖြင့် ပညာလာတဲ့အချိန်ကျတော့ ဒကာ ဒကာမတို့ အမှောင်ဘာဖြစ်တုံး … (အလင်းရောက်သွားပါတယ်ဘုရား)

ပညာလာတော့ အမှောင်ပျောက်သွားတယ်
အမှောင်ပျောက်သွားတယ် … (မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ပညာလာတော့ အမှောင်ပျောက်ပြီးသကာလ သွားတယ်။ အမှောင်ပျောက်သွားတဲ့အခါကျတော့ အရှိတွေ မတွေ့ပေဘူးလား … (တွေ့ပါတယ်ဘုရား)။
တွေ့တော့ဘာရှိတုံး … (အနိစ္စရှိပါတယ်ဘုရား) အနိစ္စရှိတော့ ကိုစောမောင်တွေ့မယ် … (မှန်ပါ့)။
ဒါဖြင့် အနိစ္စဖြစ်ပျက်မှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်များအတွက်၊ အားလုံးတရားတစ်ပွဲလုံးမှာ လာတဲ့ ဒကာ ဒကာမတွေက ဘယ်လို ဆုံးဖြတ်ချက်ချမတုံး၊ အ၀ိဇ္ဇာထုကြီးနဲ့သာ နေတော့တာပဲ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဒါနလောက်နဲ့ တင်းတိမ်မနေနဲ့
ဘာနဲ့နေကြတုံး … (အ၀ိဇ္ဇာထုကြီးနဲ့ နေကြပါတယ်ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ ခုနက ပြောခဲ့တဲ့ သာမည ဒါနလေးလောက်နဲ့၊ အင်း တင်းတိမ်မနေလိုက်ပါနဲ့ဆိုတာက၊ မပြောထိုက်သေးဘူးလား … (ပြောထိုက်ပါတယ်ဘုရား)။
ကမ္မဿကတ ဥာဏ်ကလေးလောက်နဲ့ တင်းတိမ်နေလို့တော်ပါ့မလား … (မတော်ပါဘူးဘုရား) အင်းအ၀ိဇ္ဇာဥဒပါတိဖြစ်အောင် ကြိုးစားဖို့မသင့်လား … (သင့်ပါတယ်ဘုရား)။
ဒါကြောင့် အလင်းထဲရောက်အောင် ကြိုးစားကြပါဆိုတာကို၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးနက်နက်တိုက်တွန်းပါတယ် … (မှန်ပါ့) မတိုက်တွန်းရင် တော်ပါ့မလား … (မတော်ပါဘူးဘုရား)။
ပညာဟြာ ဒကာ ဒကာမတို့ အင်မတန်ကျေးဇူးများတယ်နော်၊ တစ်ချက် ခန္ဓာကိုယ်ထဲမှာ ဥပမာမယ် ဘုန်းကြီးကပဲ ခုမြင်အောင်ပြောရင် မြင်ပါတယ်၊ မြင်အောင်ပြောလိုက်လို့ရှိရင် ဒကာ ဒကာမတွေမြင်ပါတယ်။
ဘယ်လိုမြင်တုံးဆိုတော့ ခုဘုန်းကြီးဟောနေတဲ့ အသံကို ခင်ဗျားတို့နားထဲမှာ မကြားကြဘူးလား … (ကြားပါတယ်ဘုရား) အင်းနားထဇဲမှာ ကြားတော့ ငါကကြားတာလား၊ သူကကြားတာလား၊ ကြားစိတ်ကလေးက ကြားတာလား … (ကြားစိတ်ကလေးက ကြားတာပါဘုရား)

ကြားစိတ်ကလေး
အင်း ကြားစိတ်က၊ အဲဒိ သောတ ၀ိညာဏံကြောင့်ပေါ့ဗျာ …(မှန်ပါ့) ဒါဖြင့် အသံကသွားပြီး သကာလ၊ နားရုပ်ကို သွားတိုက်လိုက်တဲ့အခါကျတော့ ကြားစိတ်လေးတစ်ခု မပေါ်ဘူးလား … (ပေါ်ပါတယ်ဘုရား)။
အဲဒီ ကြားစိတ်ကလေးက ဘုန်းကြီးကလည်း ရပ်ပါရော ဒကာ ဒကာမတွေ နောက်ထပ်ကြားသေးရဲ့လား … (မကြားပါဘူးဘုရား)
သြော် … ဒါလေးဟာ မိမိနားထဲပေါ်လည်းပေါ်တယ်၊ ပျောက်လည်း ပျောက်တယ်လို့ ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ်ဘုရား)။
ကိုင်းပေါ်လည်းပေါ် ပျောက်လည်းပျောက်တယ်ဆိုတော့ ဒါအနိစ္စအချက်ကလေးပဲ … (မှန်ပါ့)။
အဲ့ဒါလေးကို ကြားသာနေတယ်၊ ဒကာ ဒကာမတွေက နှလုံးမသွင်းပြန်တော့လည်း၊ ကြားလို့ကောင်းတယ်ဆိုတဲ့ တဏှာက လိုက်လာတယ်…(မှန်ပါ့)သဘောကျပလား (ကျပါတယ်ဘုရား)။
ကြားရတာ သဘောကျတယ်ဆိုတဲ့ တဏှာတွေက မလိုက်ပေဘူးလား … (လိုက်ပါတယ်ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ကြားတဲ့စိတ်ကလေးဟာလည်း၊ ခင်ဗျားတို့ သန္တာန် ခုပေါ်ပြီး ခုပျောက်တယ်ဆိုတာ ငြင်းဖို့လိုသေးသလား … (မလိုပါဘူးဘုရား)။
အင်းဒါလေးဟာ ခုဆရာဘုန်းကြီးက ဟောလိုက်တဲ့ အခါကျတော့၊ ဒကာ ဒကာမတို့ ဒါလေး ကြားရုပ်ကလေးဟာ ခုပေါ်ခုပျောက်တာ မောင်နိုင်၊ မောင်ဘမှီတို့ မထင်ရှားဘူးလား … (ထင်ရှားပါတယ်ဘုရား)။

ဒီနေရာပေါ်ပြီး ဒီနေရာပျောက်တယ်
ကြားတာကလေး၊ ကြားစိတ်ကလေး၊ ဒီနေရာပေါ် ဒီနေရာပျောက်တာကို သိလိုက်သဖြင့်၊ သောတ၀ိညာဏံ အနိစ္စံဆိုတာလေးဟာလည်း၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပါဠိနဲ့သာဟောတာ၊ တို့ သန္တာန်မယ်ကြားတဲ့ သဘောလေးဟာ ပျောက်နေတယ်၊ ကြားလည်းကြားတယ်၊ ပျောက်လည်းပျောက်တယ်ဆိုတာလေးဟာ မသိပေဘူးလား … (သိပါတယ်ဘရား)။
အဲဒါ အနိစ္စအချက်ကလေးဖြစ်လိုက်တာ ဒကာ ဒကာမတို့၊ ဒီအချိန်မှာ ခင်ဗျားတို့ အ၀ိဇ္ဇာဟူသမျှချုပ်လို့ ၀ိဇ္ဇာဝင်လာလို့သာလျှင်၊ ကိုစောမောင် ဒါလေးကို ခင်ဗျားတို့မြင်လိုက်ရတာနော်… (မှန်ပါ့) ဥာဏ်အမြင်ပေါ့ဗျာ… (မှန်ပါ့)။
အလင်းကလေး ဖျတ်ခနဲ ကွဲသွားသလိုတော့ဘယ်ဟုတ်မလဲ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) အဲဒီလိုတစ်ချက်မြင်လိုက်လို့ရှိရင်တဲ့ လိုချင်တာ အကုန်ရတယ်။

မြင်တဲ့ပညာချုပ်သွားတယ်
ပညာ-မြင်တဲ့ပညာတော့ချုပ်သွားတယ်၊ မြင်ပြီးချုပ်တာပဲ…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) အင်း မြင်ပြီးသကာလ၊ အင်း ဖြစ်ပျက်လေးကလည်း ချုပ်သွားရော၊ သူ့နောက်က လိုက်ပြီး မြင်တဲ့စိတ်ကရော … (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတာပဲတဲ့။
သို့သော် ဒီတစ်ခု ပညာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့၊ အ၀ိဇ္ဇာနဲ့ အများကြီးခြားနားပါတယ်တဲ့၊ သူ့ဘာဝနာကံကတော့ မချုပ်ဘူး … (မှန်ပါ့) သဘောကျပလား (ကျပါတယ်ဘုရား)
သို့သော်သူ့ဘာဝနာကံကတော့ မချုပ်ဘူး
သူ့ဘာဝနာကံကတော့ မချုပ်နိုင်ဘူးဆိုသဖြင့်၊ ဒကာ ဒကာမတို့ ပညာကတော့ဖြင့် ဖြစ်ပျက်ရှုပြီး၊ အင်းတစ်ခါသိပြီးမောင်နိုင်၊ မောင်ဘမှီတို့က သူလည်း တစ်၊ နှစ်ဆို မချုပ်ဘူးလား … (ချုပ်ပါတယ်ဘုရား)။
ချုပ်ပေမဲ့ သူ့ဘာဝနာ၏ စွမ်းရည် သတ္တိကံကတော့ မချုပ်ဘူးတဲ့ … (မှန်ပါ့) ကိုစောမောင် … (မှန်ပါ့) ဘာဝနာကံ ကတော့ မချုပ်ဘူးတဲ့ … (မှန်ပါ့)
ဒါကြောင့် ဒါကြောင့် အဆက်တွေကရှိနေတော့၊ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက်၊ ဒီဟာလေးက ကျေးဇူးပြုပြီးသကာလ၊ ဒကာ ဒကာမတို့ အင်းဒီအနိစ္စလေးဟာ ပျောက်တယ်လို့ ရှိသေးရဲ့လား …(မရှိပါဘူးဘုရား)။
အင်းနောက်တစ်ခါ နှလုံးသင်းလိုက်လို့ရှိရင်လည်းဘာဖြစ်လာ … (အနိစ္စပါဘုရား) ပေါ်ပေါ်မလာဘူးလား … (လာပါတယ်ဘုရား)။

ဘာဝနာကံ၏အကျိုးဆက်က မချုပ်ဘူး
အဲဒါသည် ပညာသာ ချုပ်သွားတာတဲ့၊ ဘာဝနာကံ၏ အကျိုးဆက်က ချုပ်ပါရဲ့လား … (မချုပ်ပါဘူးဘုရား)
ကောင်းပြီ ဒါဖြင့် အရှင်ဘုရားတဲ့၊ ဒါဖြင့် မိလိန္ဒမင်းကြီးက ပညာတော့ဖြင့် တစ်၊ နှစ်ဆိုရင် ချုပ်သွားတယ်၊ သူ့အမြင်ဓာတ်ကလေး ဆိုတဲ့သဘောလေးဟာ၊ မြင်ရာအကြောင်းလေးကတော့ မချုပ်သေးဘူး ဆိုတဲ့ဥစ္စာ၊ တပည့်တော် မရှင်းဘူးဘုရားတဲ့၊ ပညာပျောက်လို့ ရှိရင်ဖြစ်တဲ့အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေလည်း အကုန်ပျောက်ပြီး နောက်လည်းပေါ်စရာအကြောင်းမရှိဘူး။
ဟာ ဒကာကြီး ဒီလိုမယူနဲ့ ကိုစောမောင် … (မှန်ပါ့) အင်းရှုတဲ့အချိန် ပညာသာချုပ်သွားတယ်တဲ့၊ ဘာဝနာကံကလေးက ကျန်နေသေးတယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဝိပဿနာတစ်ချက်မြင်တဲ့ကျေးဇူး
ရှုတဲ့ကံ၊ ရှုတဲ့ဥာဏ်ကတော့ … (ချုပ်သွားပါတယ်ဘုရား) ဘာဝနာကံကတော့ … (ကျန်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားတဲ့တပည့်တော် ဥပမာနဲ့ရှင်းပေးစမ်းပါ။ မိလိန္ဒမင်းကြီးက … (မှန်ပါ့) ဒကာ ဒကာမတို့ ၀ိပဿနာ တစ်ချက်မြင်တဲ့ ကျေးဇူးကိုပြောနေတာနော် … (မှန်ပါ့)၊ ၀ိပဿနာတစ်ချက် မြင်တဲ့ကျေးဇူးကိုပြောနေတာ။
ကဲ ဒါဖြင့် ပြောစမ်းပါလို့ ဆိုတော့၊ တပည့်တော် ဥပမာနဲ့ ထင်ရှားအောင်ပြောစမ်းပါဦးလို့ဆိုတဲ့ အခါကျတော့၊ ငါပြောပြမယ် ဒကာကြီး အသေအချာနားထောင်၊ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်ကပေါ့ဗျာ … (မှန်ပါ့)

ရှင်နာဂသိန်ဖြေကြားပုံ
ငါပြောပြမယ် ဒကာကြီးရ နားထောင်ပါတဲ့၊ လူတစ်ယောက် ညမှာ သတိရတယ်တဲ့ စာရေးချင်တယ်၊ မည်သူ့ဆီကို ပေးချင်တယ်၊ စာရေးချင်တယ်၊ စာရေးချင်တဲ့ အခါကျတော့ အမှောင်ထဲရေးလို့ဖြစ်ပါ့မလား … (မဖြစ်ပါဘူးဘုရား)။
အင်း မီးအိမ်လေးထွန်းပြီးသကာလ ရေးလိုက်တယ် မီးလေးထွန်းပြီး ရေးလိုက်တဲ့အခါကျတော့ စာ၊ စာရွက်ပြည့်တယ်ဆိုပါစို့၊ ကိုယ်ချင်တဲ့ အကြောင်းအချင်းရာတွေ … (မှန်ပါ့)။
ဒါဖြင့် ဒီစာကို မီးလေးထွန်းပြီး စာလဲရေးပြီးရော မောင်ဘမှီက မီးငြှိမ်းလိုက်ပါကွ … (မှန်ပါ့) မီးငြှိမ်းလိုက်တယ် ဆိုတော့ မြင်ရသေးရဲ့လား … (မမြင်ရတော့ပါဘူးဘုရား)။
မမြင်ရတော့ပါဘူးတဲ့၊ စာကို မမြင်ရဘူးတဲ့…(မမြင်ရပါဘုရား) သို့သော်တဲ့ ဒကာ ဒကာမတို့ မီးငြိမ်းလို့သာ မမြင်ရတျာ မနက်သွားကြည့်တော့ ဒီစာထဲမှာ ဒီစာလုံးတွေအကုန်ရှိတယ် … (မှန်ပါ့) မရှိဘူးလား … (ရှိပါတယ်ဘုရား)။

ပညာ၏စွမ်းရည်သတ္တိကျန်တယ်
မနက်သွားကြည့်တော့ … (ရှိပါတယ်ဘုရား) ဒကာ ဒကာမတို့ ခုနက ပညာပင်ချုပ်ငြားသော် လည်း ပညာ၏စွမ်းရည်သတ္တိကျန်တယ်ဆိုတဲ့ သဘောမျိုးကို၊ ဘုရားကြီးတို့ ဒကာ ဒကာမတွေမှာ လည်းတဲ့၊ ဒီပညာချုပ်သွားငြားသော်လည်း၊ ပညာကတစ်ချက် အနိစ္စ၊ ဒုက္ခ၊ အနတ္တပြီးပြီဆိုမှဖြင့်၊ ဒီလိုအနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိတဲ့ကံတွေဟာ ဒကာ ဒကာမတွေ ဘယ်တော့မ မချုပ်တော့ဘူး၊ နောက်ကိုလည်း အနိစ္စ၊ နောက်ကိုလည်း အနိစ္စ၊ နောက်ကိုလည်း အနိစ္စပဲ စာကျန်နေသလို ကျန်နေတာပဲ…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့် ၀ိပဿနာ တစ်ချက်ပေါက်ဖို့ အရေးကြီးပါလား … (မှန်ပါ့) ဒကာ ဒကာမတို့ ဘုန်းကြီး ဘာတိုက်တွန်းပါတုံး … (၀ိပဿနာတစ်ချက်ပေါက်ဖို့ တိုက်တွန်းပါတယ်ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်တွေ့အောင်ရှာ
ဖြစ်ပျက်ကလေးနဲ့ ခင်ဗျားတို့ ရှုတဲ့မဂ်ကလေးနဲ့ တစ်ချက်ဖြင့် တွေ့အောင်ရှာ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) ဖြစ်ပျက်နဲ့မဂ်နဲ့ဖြင့် … (တွေ့အောင်ရှာရမှာပါဘုရား)။
အဲဒီရှာတွေ့လို့ရှိရင် နောက်ကို ခင်ဗျားတို့သ်ည ကားလို့ဆိုရင်ဖြင့် ဖြစ်ပျက်ကလေး တွေ့ဖူးပါတယ်၊ တွေ့ဖူးပါတယ်ဆိုတဲ့ ဥစ္စာဟာ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အပျက်ချည့်ရှိပါတယ် ဆိုတဲ့ဥစ္စာဟာ သိပြီးသားဖြစ်သွားတယ် … (မှန်ပါ့)၊ ဟုတ်ဘူးလား … (မှန်ပါ့)။
တကယ်ဥာဏ်နဲ့တွေးပြီး သြော် … အပျက်ချည့်ပဲ ဘာမှ မရှိဘူး၊ အပျက်ချည့်ပဲ ဘာမှမရှိဘူးဆိုတဲ့ ဥစ္စာ၊ တစ်ခါမြင်ပြီးတော့ခုနက ညအလင်းရောင်နဲ့ စာရေးလိုက်တယ် မီးမှိတ်ပြီး သကာလနေငြားသော်လည်း စာကျန်တယ်…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အလင်းရောင် နည်းနည်းမှိတ်၊ စာတော့ရေးလို့မဖြစ်ဖူးလား … (ဖြစ်ပါတယ်ဘုရား) ဒီမှာလည်း ဥာဏ်တော့ မှိတ်ဖြစ်ပျက်တော့ တွေ့လိုက်တာပဲ၊ သဘောကျပလား … (ကျပါတယ်ဘုရား)
သို့သော် ဥာဏ်မှိန်သွားငြားသော်လည်း စာကျန်ရစ်သလို ဖြစ်ပျက်တွေကတော့ဖြင့် ဘယ့်နှယ့်နေတုံး … (ကျန်ရစ်ပါတယ်ဘုရား)။

ရဟန္တာဖြေတဲ့အဖြေ
ကျန်ရစ်တော့ နောက်ဘယ်အချိန်ကျုပ်တို့ မနက်မှထရှုလည်း … (ရပါတယ်ဘုရား) ဒီတစ်ခါတွေ့ပြီပဲတဲ့ နောက်ဘယ်အချိန်ထရှုရှု ဖြစ်ပျက်တာတွေ့ရမယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အံမာလေး - ရဟန္တာဖြေတဲ့အဖြေမို့ ဒကာ ဒကာမတွေ အားတက်စရာလည်း၊ ကောင်းလှပါတယ်… (မှန်ပါ့) မကောင်းဘူးလား … (ကောင်းပါတယ်ဘုရား)။
အင်းဒါဖြင့် တစ်ချက်မှ မတွေ့ဖူးတဲ့ လူတော့ဖြင့် အမှောင်ထဲမွေး အမှောင်ထဲသေပဲ … (မှန်ပါ့) ဘယ်လိုဆိုကြပါ့ … (အမှောင်ထဲမွေး၊ အမှောင်ထဲသေပါဘုရား)။
အင်းဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုဆရာကောင်း သမားကောင်းနဲ့တွေ့၊ ဒီလိုဥပမာ ဥပမေယျတွေနဲ့ ရှင်နာဂသိန်နှင့် မိလိန္နမင်းကြီး အမေးအဖြေတွေလည်း အင်မတန်အဖိုးတန်တယ် ဆိုတဲ့ အဓိပ္ပာယ် မရှင်းလား … (ရှင်းပါတယ်ဘုရား)။
ကဲဒါဖြင့် ဘာဝနာကံတွေကတော့ ချုပ်ရဲ့လား … (မချုပ်ပါဘူးဘုရား) အဲဥာဏ်သာ ချုပ်သွားတာနော် … (မှန်ပါ့) အဲ နောက်ဘယ်အချိန်မြင်လို့ ဂရုစိုက်လိုက်၊ စိုက်လိုက်တဲ့ ဒကာ ဒကာမတွေတွေ့နေတာပဲ … (မှန်ပါ့)။
ဘာဝနာ၏ အကျိုးဆက်တွေက ကျန်မနေဘူးလား … (ကျန်နေပါတယ်ဘုရား) ရှင်းကြလား … (ရှင်းပါပြီဘုရား)။

ရှေးဦးစွာဘာလိုပါလိမ့်
ဒါဖြင့် ဒကာ ဒကာမတို့ရှေးဦးစွာ ဘာလိုပါလိမ့်ဗျာ … (တစ်ချက်မြင်ဖို့ အရေးကြီးပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ ဘာအရေးကြီးပါတုံး … (တစ်ချက်မြင်ဖို့ အရေးကြီးပါတယ် ဘုရား)။
အဲဒီတစ်ချက်မှ မတွေ့လို့ရှိရင်ဖြင့် ခင်ဗျားတို့ “တီိ” မျိုးသာဆုံးဖြတ်ချက်ချမှတ် … (မှန်ပါ့) ဘယ်လိုဆုံးဖြတ်ချက်ချမတုံး … (တီ မျိုးသာဆုံးဖြတ်ချက်ချ ရမှာပါဘုရား)။
“တီ” မျိုးဆိုတာသည် မွေးကတည်းကလည်း အမှောင်ထဲမှာ မွေးခဲ့တယ်၊ သူ့မျက်လုံးပါရဲ့လား … (မပါပါဘူးဘုရား) အင်း … သေသွားတဲ့အခါကျတော့ … (အမှောင်ထဲသေပါတယ်ဘုရား)။
ဒီအမှောင်ထဲပဲ မျက်လုံးမပါပဲနဲ့ သေမသွားဘူးလား … (သေသွားပါတယ်ဘုရား) အဲဒါသည် ဘုန်းကြီးကစိုးရိမ်တဲ့အတွက် ကိုယ့်အရင်းအချာ ဒကာ ဒကာမတွေကို သေသေချာချာပဲ တွေ့အောင်ရှာစမ်းပါ၊ တွေ့အောင် ရှာစမ်းပါ၊ မရှာတတ်ရင် ဘုန်းကြီးကိုလာမေးပါ။

အလင်းထူးကိုရှာစမ်းပါ
ခင်ဗျားတို့ ကိုယ်တိုင်လည်းရှာတယ်၊ ရှာနည်းကို နေ့တိုင်းပြောနေပါတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲ အလင်းထူးရပါစေတော့လို့ ကိုစောမောင်… (မှန်ပါ့) ဒီအလင်းထူးမှ မရလိုက်တော့ဘူး ဆိုလို့ ရှိရင်ဖြင့် ဘာဝနာကံတွေ၏ အကျိုးအဆက်ဖြစ်တဲ့ အနိစ္စတွေကော တွေ့စရာ မြင်သေးလား… (မမြင်ပါဘူးဘုရား)။
မမြင်တော့၊ သြော် ငါမမြင်ပဲနဲ့ သေရတော့၊ ဥာဏ်မျက်လုံး ဘယ်အချိန်မှ ပါမသွားဘူးဆိုတဲ့ အဓိပ္ပာယ်ဆုံးဖြတ်ချက်ချရင် မရပေဘူးလား … (ရပါတယ်ဘုရား)။ သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့် ဒီထဲလာပြီး တရားနာလာကြတဲ့ ဒကာ ဒကာမတွေသည်၊ သြော်… တို့ဆရာဘုန်းကြီးသည် တစ်ချက်မြင်ရင်ဖြင့် နောက်ကျေးဇူးများပေါ့လို့ဟောတာ၊ တစ်ချက်ဖြင့် ကြိုးစားပြီး ရှုမယ်ဆိုတော့၊ ခင်ဗျားတို့ အတွက်မှာဖြင့် အလွန်ကောင်းပါတယ်… (မှန်ပါ့) မကောင်းပေဘူးလား … (ကောင်းပါတယ်ဘုရား)။

ဖြစ်ပျက်နဲ့မဂ်တစ်ချက်မြင်အောင်လုပ်ပါ
ဒါဖြင့် တစ်ချက်ကလည်း တစ်ချက်မြင်လိုက်တယ်ဆိုတော့ အ၀ိဇ္ဇာချုပ်သွားတာ … (မှန်ပါ့) ပညာပိုင်းကလည်း ဘယ့်နှယ့်နေတုံး … (အ၀ိဇ္ဇာချုပ်သွားပါတယ်ဘုရား)
အ၀ိဇ္ဇာက မှောင်နေတာကိုးဗျ၊ ဒီထဲ အလင်းတည်းဟူသော ပညာက ဖောက်လိုက်တဲ့ အခါကျတော့ ဘယ့်နှယ့်နေတုံး … (အမှောင်ပျောက်ပါတယ်) အမှောင်ကို အကုန်မပျောက်ဘူးလား … (ပျောက်ပါတယ်ဘုရား)
သြော် … ဒါကြောင့် အရှိကို အမြင်ရတာကိုး ကိုစောမောင် … (မှန်ပါ့)၊ မီးထွန်းထားတော့ ရှိတဲ့ပစ္စည်းမမြင်ရဘူးလား … (မြင်ရပါတယ်ဘုရား)၊ ဘယ်တူမလဲ အမှောင်ထဲ … (မမြင်ရပါဘူးဘုရား)။
အဲ … ခင်ဗျားတို့ အနိစ္စမတွေ့ခဲ့ကြတာဟာ ရိပ်မိပလား … (ရိပ်မိပါတယ်ဘုရား)၊ မီးကိုတစ်ခါမှ မထွန်းဖူးဘူး … (မှန်ပါ့)၊ သဘောကျကြလား … (ကျပါတယ်ဘုရား)။
မီးကို တစ်ခါမှ မထွန်းဖူးတော့ အနိစ္စတွေ့သေးရဲ့လား … (မတွေ့ပါဘူးဘုရား) ဒါဖြင့် အနိစ္စမှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်သည် အနိစ္စမုန်းတဲ့ နိဗ္ဗိန္ဒဥာဏ် တက်ဖို့ ဘယ့်နှယ်တုံး … (မတက်နိုင်ပါဘူး ဘုရား)။
အနိစ္စအဆုံးဆိုတဲ့ နိဗ္ဗာန် အနိစ္စ နိဗ္ဗာန်ကြီးလည်း ရောက်ပါ့မလား … (မရောက်နိုင်ပါဘူးဘုရား) သြော် … ဒါဖြင့် ဆရာဘုန်းကြီး စိုးရိမ်တယ်ဆိုတာ စိုးရိမ်သင့်တယ် … (မှန်ပါ့) အားလုံးသဘောပါကြပလား … (ပါပါတယ်ဘုရား)။
အဲ - တို့တော်တော်သေးရဲ့ ဆိုတာခင်ဗျားတို့ ၀မ်းသာကြပါ … (မှန်ပါ့) မသာသင့်ဘူးလား … (သာသင့်ပါတယ်ဘုရား)၊ ကိုစောမောင် သာသင့်တယ် … (မှန်ပါ့)။

တစ်သံသရာလုံး အလင်းမရခဲ့ဘူး
တစ်သံသရာလုံး ဘယ်တော့မှ အလင်းမရခဲ့ဖူးဘူးဆိုတာလည်း ပေါ်ပလား … (ပေါ်ပါပြီဘုရား) သို့သော် ငါတို့၏ စားချင်တဲ့ စိတ်ကလေး ပျောက်သွားပြီ၊ ယားနာတဲ့ စိတ်ကလေး ဒီနေရာတင် ယားပြီး ဒီနေရာပျောက်သွားပြီ၊ နာတဲ့စိတ်ကလေး ဒီနေရာတင်နာပြီး ဒီနေရာမှာ ပျောက်သွားပြီး၊ ကြားတဲ့ စိတ်ကလေး ဒီနေရာတင်ဖြစ်ပြီးသကာလ ဒီနေရာတင်ပျောက်သွားပါပြီလို့ နှလုံးမသွင်းလို့၊ နှလုံးမသွင်းတဲ့ဘ၀တွေ အင်မတန်မများဘူးလား … (များပါတယ်ဘုရား)
ဘာပြုလို့ကြောင့် နှလုံးမသွင်းတဲ့ ဘ၀တွေများပါလိမ့်မတုံးဆိုတော့ ၀ိဇ္ဇာဝင်ခွင့်ရကြလား … (မရပါဘုရား) အ၀ိဇ္ဇာက အကုန်ဖုံးထားပြီး … (မှန်ပါ့)။
အဲတော့ အ၀ိဇ္ဇာကအကုန်ဖုံးထားတော့ အ၀ိဇ္ဇာက ခြယ်လှယ်တော့မှာပဲ … (မှန်ပါ့) အ၀ိဇ္ဇာ ပစ္စယာ … (သင်္ခါရာ) သင်္ခါရ ပစ္စယာ … (၀ိညာဏံ) ဒါဖြင့်သူ့ကြောင့်ဖြစ်တဲ့ ၀ိညာဏ်ချည့် လုပ်တော့မှာပဲ … (မှန်ပါ့)
ဝိညာဏ်ကနာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနဲ့ဆိုပြီး ဒကာ ဒကာမတွေ သူကလဲ ပြန်မလှည့်ပေဘူးလား … (လှည့်ပါတယ်)။
အာသ၀ သမုဒယာ၊ အ၀ိဇ္ဇာသမုဒယောဆို ပြန်မသွားပေဘူးလား … (သွားပါတယ်ဘုရား) အဲ ဒကာ ဒကာမတွေ နောက်တုန်းက အ၀ိုင်းပြေးအမှောင်ထဲမှာနေခဲ့ရတယ်…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

အ၀ိုင်းပြေးဆိုတာ လမ်းရှာမတွေ့တာ
အ၀ိုင်းပြေးတယ်ဆိုတာ လမ်းရှာမတွေ့တာ … (မှန်ပါ့) ဒီအ၀ိုင်းလမ်း၊ သေလမ်းမှတစ်ပါး တခြားပြေးသေးလား … (မပြေးပါဘူးဘုရား)
သြော် … ဒါဖြင့် အိုလမ်း၊ နာလမ်း၊ သေလမ်းမှ တစ်ပါးတခြားလဲမပြေးတော့ဘူး၊ ဒကာ ဒကာမတို့ အ၀ိုင်းထဲမှာပဲ လှည့်ပြေးနေတာပဲ ဆိုတာကော သေချာပလား … (သေချာပါတယ်ဘုရား)။
အ၀ိုင်းထဲလှည့်ပြေးတာပဲ ပြေးရပါစေတော့ ဟုတ်လား၊ သေခြင်းကောင်းနဲ့ ပြေးနေတာလား၊ သေခြင်းဆိုးနဲ့ ပြေးနေတာလား … (သေခြင်းဆိုးနဲ့ ပြေးနေတာပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။

အလင်းလေးရအောင် ယူလိုက်စမ်းပါ
အဲဒါခု ဆရာဘုန်းကြီးနဲ့တွေ့တဲ့အချိန်မှာ အလွန့်အလွန်စိုးရိမ်ပြီးသကာလ ဒကာ ဒကာမတွေ အလင်းလေးရအောင်ယူလိုက်စမ်းပါ၊ အမှောင်ထဲ အ၀ိုင်းပြေးနဲ့ အသေဆိုး အနေဆိုးတွေနဲ့၊ မနေပါနဲ့ဆိုတာ မတိုက်တွန်းသင့်ဘူးလား … (တိုက်တွန်းသင့်ပါတယ်ဘုရား)။

ပညာတစ်ကြိမ်ပေါ်ဖို့ အရေးကြီးတယ်
ဒါဖြင့် ဘာအရေးကြီးတုံးဆိုတော့၊ ပညာတစ်ကြိမ်ပေါ်ဖို့ အရေးကြီးတယ် … (မှန်ပါ့) ဘယ်လို သတ်မှတ်ကြမယ် … (ပညာတစ်ကြိမ်ပေါ်ဖို့ အရေးကြီးပါတယ်ဘုရား) ပညာတစ်ကြိမ်ပေါ်လိုက်လို့ ရှိရင်ဖြင့်၊ ဘာဝနာပညာဆိုတာ ဘာဝနာပါပဲ၊ ပွားလို့မြင်လိုက်ရတာ အဲဒိ ဘာဝနာကံ၏၊ ဘာဝနာကံတွေကြောင့် ခင်ဗျားတို့နောက် ဘယ်အချိန်ရှုရှု ဖြစ်ပျက်ကလေးတွေတွေ့နေမှာပဲ … (မှန်ပါ့) (၀ါ) အနိစ္စကလေးတွေတွေ့နေမှာပဲ … (တွေ့ပါတယ်ဘုရား)။
တွေ့လို့ရှိရင်ဖြင့် ဒါ ဒကာ ဒကာမတို့မှတ်ပေတော့ အရုဏ်တက်တာပဲ … (မှန်ပါ့) ဟုတ်ဖူးလား… (မှန်ပါ့) ဆက်လက်ပြီး အဖြစ်အပျက်ကလေးကို မုန်းအောင်ရှု၊ ဆုံးအောင်ရှုလိုက် လို့ရှိရင်ဖြင့်၊ ဆုံးအောင်ရှုတယ်ဆိုတော့ ဒုက္ခအဆုံးမြင်တဲ့ မဂ်ဥာဏ်မရဘူးလား … (ရပါတယ်ဘုရား)။
အဲ … မဂ်ဥာဏ်ရတဲ့အခါကျတော့ သြော် … တို့ဖြင့် နေအလင်းထွက်ပေါ့ဟေ့ … အကောင်းအဆိုး ရွေးတတ်ပေါ့ဆိုတာ၊ ကိုယ့်ကိုယ်အတွက် မျက်စိနှစ်ကွင်း အလင်းရသွားတာပဲ … (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စုံလုံးကန်းမွေးပြီး စုံလုံးကန်းသေတာ … (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား) ဘာတုံး … (စုံလုံးကန်းမွေးပြီး စုံလုံးကန်း သေတာပါဘုရား)

ပညာမှတစ်ပါးကိုးစားရာမရှိ
အဲ ခုန ဖြစ်ပျက်မမြင်လို့ရှိရင်လေ…(မှန်ပါ့) ဒါကြောင့် ဘုန်းကြီးကလည်း ကျန်းကျန်းမာမာ ရှိတုန်း၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ကျန်းကျန်းမာမာရှိတုန်းကိုဖြင့်၊ ပညာမှတစ်ပါး ကိုးစားစရာမရှိလို့ ဒီဖြစ်ပျက်မြင်တဲ့ပညာဖြင့်၊ ဒကာ ဒကာမတွေ ကြိုးစားပါလို့ တိုက်တွန်းရတယ်နော် … (မှန်ပါ့)။
မတိုက်တွန်းသင့်ဘူးလား … (တိုက်တွန်းသင့်ပါတယ်ဘုရား) ကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့သည် ပညာရှုတဲ့အချိန်မှာ ဘုန်းကြီးပြောတဲ့အတိုင်း၊ အင်း ဒီနေရာလေးမှာပေါ်တယ်၊ ဒီနေရာလေးမှာ ပျောက်တယ်ဆိုတာလေးကို ဘယ်စိတ်ပေါ်ပေါ်၊ ဘယ်ဝေဒနာပေါ်ပေါ်၊ သြော် ဒီနေရာလေးပေါ်ပြီး၊ ဒီနေရာပျောက်သွားတာကိုး၊ အင်း ကောင်းကင် လျှပ်စစ်ကလေးနဲ့ အတူတူပဲ၊ ဖျတ်ဆို လင်းပြီးဖျတ်ဆို တိမ်ကြားမှာလင်းပြီး တိမ်ကြား ပျောက်သွားတယ်။ သဘောကျပလား … (ကျပါတယ်ဘုရား)။

လျှပ်စစ်ကလေးနဲ့အတူတူပဲ
လျှပ်စစ်ကလေးက ဘယ်မှာလင်းပြီး ဘယ်ပျောက်တုံး … (တိမ်ကြားလင်းပြီး တိမ်ကြားတင်ပျောက်ပါတယ်ဘုရား) တိမ်ကြားလင်းပြီး တိမ်ကြားပျောက်ပဲဆိုတော့၊ ဒကာ ဒကာမတို့ သန္တာန်မှာ ယားတဲ့စိတ်ကလေးအတွင်းမှာ ယားတယ်၊ အတွင်းမှာယားပြီး အတွင်းမှာပျောက်ရရှာတယ်၊ ဘယ်များရွေ့သေးလဲ (ဘယ်မှာမရွေ့ပါဘူး)။
သို့သော်လည်း ဒကာ ဒကာမတွေ ဒီလို မသိတဲ့အခါကျတော့ ယားတာတွေ ဆက်လာတယ်။ ဟိုကယား၊ ဒီကယား ဖြစ်လာတယ်လို့ ယားတာတွေ ဆက်တယ်လို့ ထင်ချင် ထင်နေမယ် … (မှန်ပါ့)
မထင်သေးဘူးလား … (ထင်ပါတယ်ဘုရား) အဲဒါလဲနေတော့ ဒကာ ဒကာမတို့ သူတို့ဖြစ်နေတဲ့ ပရမတ်မဟုတ်ပါဘူး … သဘောကျပလား … (ကျပါတယ်ဘုရား)
ဝိဇ္ဇာဝင်လာလို့၊ အ၀ိဇ္ဇာချုပ်တယ်
ဘာလို့ ဒီနေရာ ဖြစ်ပြီး ဒီနေရာပျက်တယ်ဆိုတာ အသေအချာမှတ်ပါ…(မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီးဘုရား) ဒီနေရာဖြစ်ပြီး ဒီနေရာပျောက်တယ်ဆိုတော့၊ ဒကာ ဒကာမတို့ အ၀ိဇ္ဇာချုပ်သွားလို့ ၀ိဇ္ဇာဝင်လာလို့၊ သြော် … ဝေဒနာလေးဟာလည်း ဖြစ်ပျက်ပါလား၊ ဒီနေရာပေါ်တဲ့ စိတ်ကလေး ဟာကော … (ဖြစ်ပျက်ပါဘုရား)
သြော်ဖြစ်ပျက် အနိစ္စပါလားဆိုတာ ဘယ်သူဝင်လာလို့တုံး … (ဥာဏ်ဝင်လာလို့ပါဘုရား) ဥာဏ်ဝိဇ္ဇာ ၀င်မလာဘူးလား … (၀င်လာပါတယ်ဘုရား)။
ဝင်လာတဲ့အချိန်ကျတော့ ၀ိဇ္ဇာလည်းဝင်လာပါရော ပဋိစ္စသမုပ္ပါဒ်အစကချုပ်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အစကချုပ်တော့ သြော် … နေရာကျလိုက်တာ အ၀ိဇ္ဇာချုပ်လို့ရှိရင်ဖြင့် သင်္ခါရ မင်းချုပ်တော့ ဆိုစရာ လိုသေးသလား … (မလိုပါဘူးဘုရား)။
ဝိညာဏ် … (မလိုတော့ပါဘူးဘုရား) အဲဝိညာဏ်ဆိုတာ ပဋိသန္ဓေ၀ိညာဏ်…(မှန်ပါ့) မင်းချုပ်တော့လို့ ဆိုရဦးမှာလား … (မဆိုရပါဘူးဘုရား)။

သံသရာစခန်း သတ်တဲ့အလုပ်
အဲသူက ပွားမယ့်နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေ … (အကုန်ချုပ်ပါတယ်ဘုရား) အဲဒါဖြင့် ဒကာ ဒကာမတို့ သံသရာစခန်းသတ်တဲ့အလုပ်ပါလား … (မှန်ပါ့)
ဘယ်လိုဆုံးဖြတ်ချက်ချမတုံး … (သံသရာစခန်းသတ်တဲ့အလုပ်ပါဘုရား)။ သံသရာစခန်း သတ်တဲ့အလုပ်၊ သံသရာဆိုတာသည် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး၊ တစ်စိတ်ပြီး တစ်စိတ် ပေးနေတာ၊ တစ်ရုပ်ပြီးတစ်ရုပ်ပျက်နေတာ ဘာခေါ်ကြမတုံး … (သံသရာပါဘုရား)။
အဲဒီ သံသရာဟာ၊ သံသရာတစ်ခုလုံး ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား) အဲ ဒုက္ခချုပ်တာဆိုတာ သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒုက္ခချုပ်အောင်ဥာဏ်ပေးနေတာ
အိုတာ၊ နာတာ၊ သေတာတွေကော ဘာဖြစ်တုံး … (ချုပ်ပါတယ်ဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) အင်းဒါဖြင့် ဆရာဘုန်းကြီး တရားဟောနေတာ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာ ပါလိမ့်မတုံးဆိုတာပေါ်ပလား…(ပေါ်ပါပြီဘုရား)။
တို့သန္တာန်မှာရှိတဲ့ ဒုက္ခကို အကုန်ချုပ်အောင်တဲ့ ဟေ့ ဥာဏ်ပေးနေတာဆိုတာပေါ်ပလား … (ပေါ်ပါပြီဘုရား) ဥာဏ်သည် ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်သည် ၀ိဇ္ဇာလား၊ အ၀ိဇ္ဇာလား … (၀ိဇ္ဇာပါဘုရား)။
ဝိဇ္ဇာလာတော့ ဘယ်သူချုပ်တုံး … (အ၀ိဇ္ဇာချုပ်ပါတယ်ဘုရား) အ၀ိဇ္ဇာတင် ချုပ်တာလား …. သူ့နောက်က တစ်တန်းကြီးကော (ချုပ်ပါတယ်ဘုရား)။

အသေလွတ်ဖို့ ကယ်တင်နေတာ
အင်း … နေရာကျလိုက်တာ ဒကာ ဒကာမတို့ အ၀ိဇ္ဇာချုပ်တာ သူ့နောက်ကလာမည့် သင်္ခါရတို့ ၀ိညာဏ်တို့ တဏှာတို့၊ ဥပါဒါန်တို့၊ ကံတို့ကော … (အကုန်ချုပ်ပါတယ်ဘုရား)။
ဇာတိ၊ ဇရာ၊ မရဏတွေကော … (ချုပ်ပါတယ်ဘုရား) အဲ ဒါဖြင့် ဒကာ ဒကာမတို့၊ သြော် တို့ဆရာဘုန်းကြီးကယ်တင်နေတာ အသေလွတ်ဟုတ်လား (မှန်ပါ့) အလင်းရ အမှောင်မှ လွတ်ပြီး အသကာလ အလင်းရတယ်။
ပြီးတော့ အို၊ နာ၊ သေ၊ မွဲ၊ ကွဲတွေလည်း အင်း တို့နဲ့ မဆက်သွယ်ရအောင်လို့ ဒီအလုပ်လုပ်ခိုင်း တာပဲဆိုတာ ကောင်းကောင်းပေါ်ပလား … (ပေါ်ပါပြီဘုရား) ရှင်းပြီနော် … (ရှင်းပါပြီးဘုရား)။
ကောင်းပြီ … ဒါဖြင့် မနေ့က တရားကိုပဲ ဒကာ ဒကာမတို့ နည်းနည်းပြန်ရှင်းပေးပါ့မယ်။
သတိပဋ္ဌာန် ပါဠိတော်မှ မဟာဝဂ္ဂသံယုတ် သတိပဋ္ဌာန်ပါဠိတော်၌ သတိပဋ္ဌာန်က တစ်မျိုး၊ ဒကာ ဒကာမတွေ သတိပဋ္ဌာန ဘာဝနာက … (တစ်မျိုးပါဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
တစ်နံပါတ်က ဘာတဲ့ … (သတိပဋ္ဌာန်တစ်မျိုးပါဘုရား) နှစ်နံပါတ်က … (သတိပဋ္ဌာနဘာဝနာပါဘုရား) ကောင်းပြီတဲ့ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ အင်းသွားချင်တဲ့ စိတ်ကလေးပေးလာတယ် ကိုစောမောင်ရ … (မှန်ပါ့) ငါသွားချင်လိုက်တာ ဆိုတာက သူသိလား …(သိပါတယ်ဘုရား)။
သွားချင်တဲ့ စိတ်ကလေး ပေါ်လာတာပဲ၊ သွားချင်တယ်လို့ သူ့ဟာသူ မသိဘူးလား … (သိပါတယ်ဘုရား) အင်း သွားချင်တဲ့စိတ်ကလေး ပေါ်လာတဲ့ အခါကျတော့ ငါထချင်သွားချင် လိုက်တာ မပြောဘူးလား … (ပြောပါတယ်ဘုရား)။
သတိပဋ္ဌာန်ဆိုတာ
အင်း … သွားချင်တာကို သွားချင်တာမှန်းသိတာသည် သတိပဋ္ဌာန်ပဲ … (မှန်ပါ့) သွားချင်တာကို သွားချင်တာမှန်းသိတာ … (သတိပဋ္ဌာန်ပါဘုရား)။ ဘာဝနာမဖြစ်ပါဘူးဗျ … (မဖြစ်ပါဘူး)။
မဖြစ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ဘာဝနာ မဖြစ်ဖူးတဲ့ သွားချင်မှန်း၊ စားချင်မှန်း သိရုံနဲ့ ဘာဝနာမဖြစ်ပါဘူးဗျ … (မဖြစ်ပါဘူး)
ဒါ အသေအချာ မှတ်ပါ ဒါ အလုပ်စခန်းကို ဟောနေတယ် (မှန်ပါ့) သွားချင်တဲ့ စိတ်ကလေး ဖြစ်တာ ကိုစောမောင်က ဥပမာမယ် အင်း … ဈေးရောင်းသွားချင်တယ် ငါသွားချင်တာ ခုနက မသိဘူးလား … (သိပါတယ်ဘုရား)။
သတိပဋ္ဌာန်တော့ဖြစ်တယ် … (မှန်ပါ့) ဟုတ်လား … (မှန်ပါ့) ဘာဝနာတော့ မဖြစ်ဖူးတဲ့ သတိပဋ္ဌာန်တော့ ဘာတုံး (ဖြစ်ပါတယ်ဘုရား)။
သြော် သူ သတိရှိလို့ ကိုစောမောင်ရဲ့ သွားချင်တဲ့ စိတ်ကလေးဖြစ်တာကို သွားချင်တဲ့ စိတ်ကလေး ခုနက ဖြစ်တယ်လို့ သူသိတယ် … (မှန်ပါ့) သတိပဋ္ဌာန်ကတော့ မဖြစ်ဖူးလား (ဖြစ်ပါတယ်ဘုရား)။

ဘာဝနာဘာကြောင့် မဖြစ်ပါလိမ့်
ဘာဝနာတော့ … (မဖြစ်ပါဖူးဘုရား) ဘာ့ကြောင့် ဘာဝနာမဖြစ်ပါလိမ့် မတုံးဆိုတော့ အမေးထုတ်တဲ့ အခါကျတော့ သွားချင်တဲ့စိတ်ကလေး ဖြစ်တာတော့ သူသိတယ်၊ သွားချင်တဲ့ စိတ်ကလေး ဖြစ်ပြီး ဒီနေရာမှာ ချုပ်တာ သူသိရဲ့လား … (မသိပါဘူးဘုရား)။
မသိတော့ ဘာဝေတဗ္ဗ ဘာဝနာဟာ ဖြစ်ကို မဖြစ်ဖူး၊ သတိပဋ္ဌာန် သာဖြစ်၊ ဘာဝနာ မဖြစ်ဖူး … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

သတိပဋ္ဌာန ဘာဝနာဆိုတာ
ဒါဖြင့် ဝေဒနာကို ဝေဒနာမှန်းသိရင် သတိပဋ္ဌာန် ဝေဒနာလေး၏ ဖြစ်မှု ချုပ်မှုကို သိရင် … (ဘာဝနာပါဘုရား) သတိပဋ္ဌာန ဘာဝနာ။
ဝေဒနာလေး ဖြစ်တိုင်း ဖြစ်တိုင်း သိရင် … (သတိပဋ္ဌာန်) အာ … ဝေဒနာလေးသည်ကားလို့ ဆိုလို့ရှိရင် ဖြစ်လည်းဖြစ်တယ်၊ ချုပ်လည်း ချုပ်တယ်လို့ သိရင် … (သတိပဋ္ဌာန ဘာဝနာပါဘုရား) သတိပဋ္ဌာန ဘာဝနာလို့ ဘုရားက အသေအချာ ကိုယ်တော်တိုင် ဟောတာ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

သတိပဋ္ဌာန်နဲ့တင် မနေပါနဲ့
ဒါဖြင့် ဒကာ ဒကာမတွေကို သတိပဋ္ဌာန်နဲ့တင် မနေပါနဲ့ဆိုတာ အထူးတိုက်တွန်းတယ် … (မှန်ပါ့) သတိပဋ္ဌာန ဘာဝနာကျအောင် လိုက်ပါလို့ ဆိုတာ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့် ပါတယ်ဘုရား) ရှင်းကြပလား … (ရှင်းပါတယ်ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဘယ်စိတ်ပေါ်ဟုတ်လား၊ ဒီနေရာတင် ခုနက ကောင်းကင်က လျှပ်စစ်လိုပဲ၊ ပေါ်တဲ့နေရာမှာ ပေါ်ပြီး၊ ဤနေရာမှတစ်ပါး မရွေ့မရှားဘဲနဲ့ ဤနေရာမှာပဲ ပျောက်သွားတယ်ဆိုတာလေးကိုဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ပေါ်ပေါ် နှလုံးသွင်းပါ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဘယ်စိတ်ပေါ်ပေါ် နှလုံးသွင်းပါ
ဘယ်စိတ်ပေါ်ပေါ် နှလုံးသွင်းပါဆိုတော့ ဒါ စိတ္တာနုပဿနာမဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား) စိတ္တာနုပဿနာထဲမှာ ဒီစိတ်သည် ဒီဝေဒနာနဲ့ ကင်းပါ့မလား … (မကင်းပါဘူးဘုရား)။
မကင်းလို့ရှိရင်ဖြင့် ဝေဒနာက ကျုပ်တို့ကို ပြောချင်တာပြောလို့ ထင်နေတော့ ဝေဒနာလည်း ပါတယ် … (မှန်ပါ့) ပညာလည်း မပါဘူးလား … (ပါပါတယ်ဘုရား) ပါတော့ ဓမ္မာနုပဿနာလည်း ပါတယ် … (မှန်ပါ့)။
ဒါဖြင့် စိတ်တစ်ခုဖြစ်ရင် ဝေဒနာ နုပဿနာလည်းပါ၏။ ဓမ္မာနုပဿနာကော … (ပါပါတယ်ဘုရား) အင်း ကာယာနုပဿနာလည်း ပါတာပဲတဲ့ စိတ်ပဲ ဒကာ ဒကာမတွေ။
ကျန်တာတွေဟာ စိတ်ကြောင့်ဖြစ်တယ်ဆိုသဖြင့် စိတ်ချုပ်သူလည်း ချုပ်တော့ ရုပ်ကလည်း မပါလား … (ပါပါတယ်ဘုရား)။

ဘာဝနာကလေးလိုက်ဖြစ်အောင်လိုက်ပေးပါ
အဲ့ဒါကြောင့် အကုန်နောက်ဖြင့် လိုက်မနာပါနဲ့ ပါတာကို ဆရာဘုန်းကြီးက သိအောင်လို့သာ ပြောတာ စင်စစ်တော့ဖြင့် ကိုယ့်ဥာဏ်နဲ့ တည့်တာက ဒီစိတ်ကလေးပေါ်လာတယ် ဒီစိတ်ကလေး ဒီနေရာပေါ် ဒီနေရာပျောက်တယ်ဆိုတဲ့ ဘာဝနာကလေးဖြင့် နောက်ကလိုက်ဖြစ်အောင် လိုက်ပါ…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဘယ်စိတ်ပေါ်ပေါ်နောက်က ဒီစိတ်ကလေးက ပေါ်လည်းပေါ်တယ်၊ ပျောက်လည်း ပျောက်တယ် ဆိုတာ နောက်က ဘာလိုက်ရမတုံး … (၀ိပဿနာလိုက်ရမှာပါဘုရား)။
လိုက်တာ ဘာခေါ်ကြမတုံး (သတိပဋ္ဌာန ဘာဝနာပါဘုရား) သတိပဋ္ဌာန ဘာဝနာ မဖြစ်ဖူးလား …(ဖြစ်ပါတယ်ဘုရား)။
စိတ်ကလေးဖြစ်သွားတယ်သာ သိတယ်၊ ဒကာ ဒကာမတို့ ပျက်သွားတာမသိရင် ဘာခေါ်ကြမတုံး… (သတိပဋ္ဌာန်ပါဘုရား)။
အဲစိတ်ကလေးဟာ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်လို့သိရင်…(သတိပဋ္ဌာန ဘာဝနာပါဘုရား) သတိပဋ္ဌာနဘာဝနာ။

သတိပဋ္ဌာနဘာဝနာဖြစ်မှသာ၊ မဂ်ဆိုက်တယ်
ကောင်းပြီ ဒကာ ဒကာမတို့၊ ဒါဖြင့် သတိပဋ္ဌာန ဘာဂနာဖြစ်မှသာလျှင် မဂ်ဆိုက်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) သတိပဋ္ဌာန ဘာဝနာဖြစ်မှသာလျှင် … (မဂ်ဆိုက်ပါတယ်ဘုရား)။
သတိပဋ္ဌာန ဘာဝနာဖြစ်တဲ့အခါကျတော့၊ ဒကာ ဒကာမတို့ ဘာကြောင့် မဂ်ဆိုက်သတုံး ဆိုတော့၊ ဤနေရာမှာ စိတ်ကလေးတစ်ခု ချုပ်သွားတယ် မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
အင်းသူသည် ကားလို့ဆိုရင်ဖြင့် သတိထားတဲ့ ပုဂ္ဂိုလ်မို့ ဖြစ်တာလည်းသိ၊ ပျက်တာလည်း … (သိပါတယ်ဘုရား) ဒါဖြင့် သတိကော မပါဘူးလား … (ပါပါတယ်ဘုရား) ဒါ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်လောက်ပဲ လှည့်နေနေ သူသိပါ့မလား … (မသိပါဘူး ဘုရား)။
ဒါဖြင့် သမာဓိရှိတဲ့ ပုဂ္ဂိုလ်မို့လည်း ထစ်ခဲဆိုသိတာပဲ၊ ထစ်ခနဲဆိုသိတာပဲဆိုတာ မလာဘူးလား … (လာပါတယ်ဘုရား)
ဒါဖြင့် သမာဓိပါမပါ … (ပါပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် သတိမဂ္ဂင်လည်းပါ၊ သမာဓိ မဂ္ဂင်လည်းပါ၊ ဒကာ ဒကာမတို့ အိမ်မှာ နေငြားသော်လည်း ၀ီရိယ စိုက်ပါနော်၊ ကိုယ့်သန္တာန်ဖြစ်တဲ့ တရားလေးဟာ၊ ဖြစ်ပျက်ကလေးကိုဖြင့် ၀ီရိယစိုက်ပါဆိုတော့ ဒကာ ဒကာမတွေ ၀ီရိယစိုက်တဲ့ အချိန်ကျတော့ မတွေ့ဘူးလား (တွေ့ပါတယ်ဘုရား)။
တွေ့တော့ ဒါဝီရိယလည်း ပါနေတယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အင်း ဒကာ ဒကာမတွေ အကြံမကောင်းတဲ့ ပုဂ္ဂိုလ်မှာ ကြံလုံးလွဲနေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်လို ဖြစ်ဖြစ် ဘယ်လိုပျက်ပျက်ကြံလုံး ကင်းနေတဲ့ပုဂ္ဂိုလ်မှာ အပြစ်သင့်လို့ ဆက်သွယ်နိုင်သေးရဲ့လား … (မဆက်နိုင်ပါဘုရား)။
ဒါဖြင့် သမ္မာသင်္ကပ္ပလည်း ပါတယ် …. (မှန်ပါ့) ပညာကတော့ဖြင့် ဖြစ်တာလည်း သူသိ၊ ပျက်တာလည်း သူသိတာကတော့ဖြင့် ဒီအ၀ိဇ္ဇာကို ထိုးဖောက်နိုင်လို့ သူသိတာ မပေါ်လား … (ပေါ်ပါတယ်ဘုရား)။
ဒါဖြင့် အ၀ိဇ္ဇာကို ထိုးဖောက်တာကတော့ ဘယ်သူပါလိမ့် (၀ိဇ္ဇာပါဘုရား) ၀ိဇ္ဇာပညာမို့လား … (မှန်ပါ့ဘုရား) ဒါဖြင့် ဒီထဲမှာ ဘယ်သူသည် ဖြစ်ပျက်အပေါ်၌ ထိုးထွင်းပြီး သိပါလဲမေးရင် ဖြေနိုင်ကြရဲ့လား … (ဖြစ်နိုင်ပါတယ်ဘုရား)။

မဂ္ဂင်ငါးပါးပါတယ်
ဘယ်သူပါလိမ့် … (၀ိဇ္ဇာပါဘုရား) ၀ိဇ္ဇပညာပဲဆိုရင် သဘောကျပလား … (ကျပါတယ်ဘုရား) အင်းပညာက ဒကာ ဒကာမတို့ မဂ္ဂင်လို သုံးသပ်တော့ သမ္မာဒိဋ္ဌိမဂ္ဂင် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့် ဒီထဲမှာ မဂ္ဂင်ငါးပါး ပါမနေဘူးလား … (ပါနေပါတယ်ဘုရား) အဲ မဂ္ဂင်ငါးပါးသည် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးပေါ်နိုင်အောင်တော့ဖြင့် ဒကာ ဒကာမတို့ သတိပဋ္ဌာန ဘာဝနာဖြစ်မှ ပေါ်မယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဘာလုပ်ကြမတုံး … (ဖြစ်ပျက်ရှုရမှာပါဘုရား) ဖြစ်ပျက်ရှုလို့ရှိရင် ဘာဖြစ်တုံး … (သတိပဋ္ဌာန ဘာဝနာ ဖြစ်ပါတယ်ဘုရား)။

သတိပဋ္ဌာန ဘာဝနာဆိုတာ မဂ္ဂင်ကိုခေါ်တာ
သတိပဋ္ဌာန ဘာဝနာဆိုတာ ဘယ်သူ့ခေါ်တာတုံးဆိုတော့ မဂ္ဂင်ကိုခေါ်တာ … (မှန်ပါ့) သဘော ကျပလား…(ကျပါတယ်ဘုရား) သတိပဋ္ဌာန ဘာဝနာဆိုတာ  …. (မဂ္ဂင်ကိုခေါ်တာပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဆိုတာ သိရုံနဲ့ ရတာလားတဲ့ အဖြစ်အပျက်နှစ်ခုကို မြင်အောင် ရှုနိုင်မှ ရတာလား … (အဖြစ်အပျက်နှစ်ခုကို မြင်အောင်ရှုမှ ရတာပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ စာမတတ်ပေမဲ့လည်း မြင်အောင်ရှုနိုင်ရင် … (ရပါတယ်ဘုရား) စာတတ်ပင်နေငြားသော်လည်း မရှုပဲနေရင် … (မရပါဘူးဘုရား)။
မရဘူး၊ မဂ်မရဘူး … (မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား) ဒီမှာ သက်သေခံ မလုံလောက်သေးဘူးလား … (လုံလောက်ပါတယ်ဘုရား)။
သတိပဋ္ဌာန ဘာဝနာအလုပ်ကို မလုပ်ခဲ့သော် ဒကာ ဒကာမတို့ မဂ်ကိုပဲ ဆိုက်ပါ့မလား … (မဆိုက်ပါဘူးဘုရား)။
အဲ မဂ္ဂင်၊ ရှေ့သွားမဂ်မှ မရဘဲနဲ့နောက်လိုက် ရှစ်ပါးပြည့်တဲ့မဂ္ဂင်ကော ရပါ့မလား … (မရပါဘူး ဘုရား)။

အရုဏ်တက်မှ နေထွက်မယ်
ဒါကြောင့် ဒကာ ဒကာမတို့တဲ့ နာမရူပပရိစ္ဆေဒကျမ်းက အသေအချာဆိုတယ်။ နေအရုဏ်တက်လာတာနဲ့ ဒီဥာဏ်ငါးခု ပေါ်တာနဲ့တူတယ် … (မှန်ပါ့)။
ဒီဥာဏ်ငါးခုနဲ့ ရှုပါများလာတော့ ကိုယ့်စိတ်ကို ကိုယ်မမုန်းပေဘူးလား … (မုန်းပါတယ်ဘုရား) နောက်ကျတော့ မလိုချင်တော့ပါဘူးဆိုတော့ ဒုက္ခရောက်တဲ့ ဒုက္ခသစ္စာပဲ မလိုချင်ပါဘူးဆိုပြီးတော့ ဆုံးမသွားဘူးလား … (ဆုံးသွားပါတယ်ဘုရား)။
သူဆုံးမသွားပေဘူးလား … (ဆုံးသွားပါတယ်ဘုရား) သူဆုံးသွားတော့ မဂ္ဂင် ဘယ်နှစ်ပါး ဖြစ်တုံး … (ရှစ်ပါးဖြစ်ပါတယ်ဘုရား)။
အဲ … ဒါဖြင့် ဒီက နေမှမထွက်ပဲ ဒီက အရုဏ်မှ မတက်လို့ရှိရင် ဒီဘက်က ရှစ်ပါးနေက ထွက်ချင်လို့… (မရပါဘုရား)။
ဒါဖြင့် ပူရေစာရိကမဂ် ဟိုဘက်က လောကုတ္တရာမဂ် သဘောကျပလား … (ကျပါတယ်ဘုရား) လောကုတ္တရာ မဂ်ဘယ်အချိန်လာမှာတုံးလို့ အမေးထုတ်ဖို့ မလိုဘူးလား…(လိုပါတယ်ဘုရား)။
အဲ အမေးထုတ်ဖို့ လိုတဲ့အခါကျတော့ ဒကာ ဒကာမတို့ သူရင့်ကျင်ရင် လာလိမ့်မယ် … (မှန်ပါ့) ဘယ့်နှယ်ဆိုကြမတုံး … (သူရင့်ကျက်ရင် လာမှာပါဘုရား)။
လောကီမဂ္ဂင်ငါးပါး ဖြစ်ပျက်ကို မြင်တိုင်းမြင်တိုင်း မဂ္ဂင်ငါးပါးပေါ်လို့ရှိရင် သူရင့်ကျက်ရင် တစ်နာရီနဲ့ ရင့်ကျက်ရင် တစ်နာရီကျော်ရင်ပေါ်တော့မယ် … (မှန်ပါ့)။
မဂ္ဂင်ရှစ်ပါး မပေါ်ပေဘူးလား … (ပေါ်ပါတယ်ဘုရား) ကျေနပ်ပလား … (ကျေနပ်ပါတယ် ဘုရား) ဒါကြောင့် နာမရှုပ ပရိစ္ဆေဒကျမ်းက ဒါဆိုတာပဲ သူရင့်ကျက်ဖို့ အရေးကြီးတယ်ကွာ သဘောကျပလား … (ကျပါတယ်ဘုရား)။

ဖြစ်ပျက်ပွားပေးစမ်းပါ
ဘာရင့်ကျက်ဖို့ပါလိမ့် ဘယ်နှစ်ပါး ရင့်ကျက်ဖို့ပါလိမ့် … (ငါးပါးရင့်ကျက်ဖို့ပါဘုရား)။
ရှေ့ဆက်မယ် သတိပဋ္ဌာန ဘာဝနာ ပွားပေးစမ်းပါ ဖြစ်ပျက်မြင်တဲ့ ဘာဝနာ ပွားပေးစမ်းပါ။ သဘောကျပလား … (ကျပါတယ်ဘုရား)။
နောက်ကျတော့ ပွားများဖန်များလာတဲ့အခါကျတော့ သူသည် ဖြစ်ပျက် သင်္ခါရကို စွန့်တယ် …(မှန်ပါ့) ဟုတ်ပလား … (မှန်ပါ့)။
ဖြစ်ပျက်သင်္ခါရစွန့်သွားတော့ ဖြစ်ပျက်မရှိတဲ့ဘက်ကို ဦးလှည့်မယ် … (မှန်ပါ့) ပထမတော့ သူဖြစ်ပျက်နဲ့ နေမှာပဲတဲ့ … (မှန်ပါ့)။
နောက်ရှုတာ ရှုရင်း ပျက်လာလို့ရှိရင် သူဘာစွန့်မတုံး… (ဖြစ်ပျက်စွန့်ပါတယ်ဘုရား)။ ဖြစ်ပျက်စွန့်တော့ ဖြစ်ပျက်မရှိတာ နိဗ္ဗာန်…(မှန်ပါ့)။
အဲဒီဘက် ကူးလိမ့်မယ်ကွတဲ့ … (မှန်ပါ့) ဒါဖြင့် သူညွှတ်ဖို့ရာက ကျုပ်တို့တာဝန်…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
သူညွှတ်အောင် လုပ်နေလို့ ရှိရင်ဖြင့် နိဗ္ဗာန်တည်းဟူသော ဖြစ်ပျက်အဆုံးကို ဒကာ ဒကာမတို့ တေသံဝူပသမော သုခေါလေ … (မှန်ပါ့)။
တေသံ - ထို ဥဒယ ဘယတို့ကို (၀ါ) ဖြစ်ပျက်တို့၏ (၀ါ) သင်္ခါရတရားတို့၏၊ ၀ူပသမော = မရှိချင်းသည်၊ သုခေါ=နိဗ္ဗာန်ပဲ မဟောပေဘူးလား … (ဟောပါတယ်ဘုရား)။

နိဗ္ဗာန်ဘယ်အချိန်ရမှာတုံး
အဲ သံယုတ် ပါဠိတော်မှာ ဒီအတိုင်း ဟောတယ် ဖြစ်ပျက်မရှိလို့ရှိရင် ဘာခေါ်ကြမယ် … (နိဗ္ဗာန်ပါဘုရား) အဲ နိဗ္ဗာန်က ဘယ်အချိန် ရမှာတုံးလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ်ဘုရား)။
သူတို့ ငါးခု ရင့်ကျက်ရင် … (ရမှာပါဘုရား) သူတို့ ငါးခု မရင့်ကျက်သ၍ … (မရပါဘူးဘုရား)။ ဒါဖြင့် တစ်ခါတည်း ရှုသာပေးတဲ့ ငါးမိနစ်အတွင်း ရင့်ကျက်ရင် ငါးမိနစ်အတွင်း နိဗ္ဗာန်ရောက်တယ် … (မှန်ပါ့)။
ဒီလိုဟာမျိုးကျတော့ ဘယ်ငါးမိနစ်ကြာမတုံး ဒကာ ဒကာမတွေ ဒီငါးပါးပေါ်ပြီး နောက်ရှစ်ပါး မကြာခင်လိုက်လာတယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းသာ လုပ်လို့ရှိရင်ဖြင့် မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်လို့ ဆိုလို့ရပါ့မလား … (မရပါဘူးဘုရား)။

ပါရမီရှိလို့ရကြတာ
အေး … ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အများကြီး ပါရမီရှိလို့ရတာ၊ ဘယ့်နှယ်လောက် ဘာမှစိုးရိမ်မနေနဲ့ ဒုလ္လဘတရားငါးပါး ခဏခဏ ပြောနေတယ်။ သဘောကျပလား … (ကျပါတယ်ဘုရား)။
ဘုရားသာသနာနဲ့ ကြုံခြင်းကလည်း ဘာတုံး (ဒုလ္လဘပါဘုရား) သစ္စာတရား ဟောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံခြင်းက (ဒုလ္လဘပါဘုရား) ထောင်နိုင်တဲ့ နားနဲ့ ကြုံခြင်းက … (ဒုလ္လဘပါဘုရား)။
အဲ့ဒီသုံးခု ဖြစ်ပျက်ရှုနေလို့ ဖြစ်မှုနဲ့ ကြုံခြင်းကတော့ … (ဒုလ္လဘပါဘုရား) သြော် ဒါဖြင့် ရရမယ်ကွတဲ့ အင်္ဂုတ္တိုရ်က … (မှန်ပါ့) ရရမယ်တဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ် ရရမယ်တဲ့ (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲတော့ကိုး ဘာဆုမှ ပန်တာလည်း မဟုတ်ဘဲနဲ့၊ သာဝက ပါရမီဥာဏ်က အိုး … သစ္စာတရား နာရပြီ၊ သစ္စာကို မြင်အောင်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်၊ ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်အောင်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ် ဘာပါရမီမှ မလိုဘူးကွတဲ့။
သစ္စာတရား ဟောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့ရယ်ကိုယ်က နှလုံးသွင်းလိုက်ရင် ပြီးတာပါပဲကွ ဆိုတော့ ပါရမီပါသေးသလား … (မပါပါဘူးဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)

ကဲ - ယနေ့ ဒီတွင် တော်ကြစို့။
သာဓု … သာဓု … သာဓု။